PART 58

333 35 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

.....58.....

နောက်တစ်နေ့ မနက်နေထွက်ကနေ ညမိုးချုပ်တဲ့အထိ ဝမ်ချင်တစ်ယောက် သူမ နန်းဆောင်ထဲက ထွက်မလာ

မိဖုရားခေါင်ကြီးက မနက်စာ နေ့လည်စာ ညစာတွေ သွားပို့ခိုင်းလေတော့

မစားဘူးဟု ဆိုကာ ယတိပြတ်ငြင်းပြီး
ထမင်း ဟင်းတွေကို ပုံစံမပျက် ပြန်ပို့လိုက်သည်....

မင်္ဂလာပွဲရော ဘုရင်မ ကြိုဆိုပွဲအတွက်ပါ ပြင်ဆင်နေရတော့ မအားလပ်တဲ့လူချင်းအတူတူ

သူမ ဘာဖြစ်နေလဲဆိုတာကို ဘယ်သူမှ အထူးတလည် မေးမြန်းခြင်းမရှိဘူးပေါ့

အခုလဲ နန်းရင်ပြင်မှာ မိဖုရားခေါင်ကြီးနဲ့ရှောင်ဖိုင်ဖိုင်က စ လို့

ရွှယ်ယန် မြန့်မြန့်နဲ့ လျန်းမိန့်ဟွာတို့ အလည်

xiao zhan,yiboနဲ့ ရံရွေတော်သုံးယောက်အပါအဝင် အားလုံးပေါင်း ဆယ်ယောက်

အိပ်ရာမဝင်မှီ ထွေရာလေးပါးပြောနေကြခြင်းဖြစ်သည်။

သို့ပေမယ့် ဘယ်သူမှ ဝမ်ချင့်အကြောင်း တစ်ခွန်းလေးတောင် ဟ ဖို့ သတိမရ....

"အရှင်wang.....မနက် မင်္ဂလာစင်မြင့် ဆောက်တဲ့အချိန်က စ လို့
ယခု စကားစမြည်ပြောတဲ့အချိန်ထိ အရှင်wangက အရှင်xiao မျက်နှာတော်ကို တစိမ့်စိမ့်ကြည့်ပြီး ပြုံးနေလိုက်တာ...ဘာလဲ အရှင်xiaoက ဂျိုကာနဲ့တူနေလို့လား"

ကလေးပီပီ သွက်လက်စွာ ရွန်းရွှန်းဝေအောင် ဖောင်ဖွဲ့နေတဲ့ မြန့်မြန့်စကားသံတွေက ရယ်စရာမကောင်းသော်ငြား

ကိုယ်စီ ကိုယ်စီရဲ့မျက်နှာမှာ အပြုံးလေးတွေက ထင်ရှားစွာ နေရာယူလျက်ရှိသည်။

"ဒီမယ် ကလေးမ....
မယ်မင်း ကျုပ်ပူတူးလေးကို ဘာမှ မေးငေါ့စရာမလိုဘူး....
သူဘာလို့ဒီလိုအမြဲပြုံးနေလဲဆိုတာ သူတွဲထားတဲ့ လက်ပိုင်ရှင် ကျုပ်ကိုကြည့်....
တွေ့တယ်မလား ဘယ်လောက်ခန့်လဲ"

မြန့်မြန့်စကားကို xiao zhanတစ်ယောက် ရင်ကိုကော့လို့ မျက်စ မျက်နနဲ့ ခွန်းတုံ့ပြန်တော့

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now