PART 35

365 34 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....35....

"ဘယ်သူလဲလို့မေးနေတယ်လေ"

အဲ့ဒီလို အသံခပ်အုပ်အုပ်နဲ့ ထိတ်လန့်စွာမေးလိုက်တယ်ဆိုရင်ပဲ

သူ့ရှေ့မှာ ကျောပေးပြီးရပ်နေတဲ့ ထိုမိန်းကလေးဟာ ဖြေးဖြေးချင်း သူ့ဘက်သို့မျက်နှာမူလာလေသည်။

"ဟင်....မိန်းကလေးဝမ်ချင်ပဲ..ညကြီးမိုးချုပ် ဒီမှာဘာလုပ်နေတာလဲ"

သူမ xzအား အမျိုးအမည် ခွဲခြားမရသော အကြည့်စူးစူးဖြင့် အေးစက်စွာ စိုက်ကြည့်နေရင်းက...

ချက်ချင်းသလို နောက်ကြောင်းလှည့်ကာ တောထဲသို့ ပြေးဝင်သွားပြန်သောကြောင့်

xzတစ်ယောက် ထိပ်ထိပ်ပျာပျာနဲ့ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ရချေပြီ။

"ဟေ့ ဘယ်ကိုလဲ မင်းကို ငါတို့အကုန်လုံး စိတ်ပူနေကြတာ...မပြေးနဲ့လေ..ဟေး"

တဖွဖွ ဆိုရင်း xzတစ်ယောက် ဝမ်ချင်ပြေးသွားရာနောက်သို့

ဖုန်းမီးဖြင့် လှမ်းထိုးကြည့်ကာ ပြေးလိုက်ရပြန်သည်။

တောထဲမှာ မိန်းကလေးတစ်ယောက်တည်း အန္တရာယ်ဘယ်လောက်များလဲဆိုတာ သူ မသိဘူးလား

ဒါမှမဟုတ် ဆန်းကြယ်တောရဲ့အဖြစ်အပျက်ဆန်းတွေကို မြင်ပြီးများ ရူးသွားလေရော့သလား

xz ဝေခွဲမရ....

..........................

"ရော့... ခင်ဗျားလိုချင်တဲ့ အမြုတေ"

ထိန်ငြီးနေတဲ့ ပြိုးပြိုးပြက်ပြက် မြရောင်လေးတွေနဲ့ ခံ့ညားထည်ဝါလှတဲ့ "သစ်ရွက်စိမ်းအမြုတေ"ကို လက်ဖဝါးပေါ်တင်ရင်း

သိန်းငှက်ဘုရင်ကြီးမြင်သာအောင်မြှောက်ပြလိုက်တဲ့yibo

"အို....သိပ်လှတဲ့ရတနာတစ်ပါးပါလား"

ထိုကဲ့သို့ဆိုရင်း သိန်းငှက်ဘုရင်ကြီးတစ်ယောက် ပလ္လင်ပေါ်မှ ယိုင်ခွေ ယိုင်ခွေနဲ့ဆင်းလာကာ..

yiboမျက်နှာရှေ့တွင် လာရပ်လျက် yiboလက်ထဲက အမြုတေလုံးလေးကို လွှဲပြောင်းယူလို့...

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now