PART 16

597 58 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...16....

"ခဏလေး..."

သူ့အသံကြောင့် စူးစမ်းသည့်မျက်လုံးများဖြင့် ပြန်လှည့်ကြည့်လာသူ ရှောင်ဖိုင်ဖိုင်....

"ဟို.....အန်တီရော ဒီမှာအလုပ်လုပ်တာလား"

"အင်း အရင်ကပါ...အခုတော့ ပင်စင်ယူပြီးသွားပြီလေ"

"အော်...ဟုတ်ဟုတ် ကျေးဇူးပါပဲ"

"ဒါဆို အန်တီသွားလို့ရပြီလား"

ပြုံးရင်း ပြောလာသူ ရှောင်ဖိုင်ဖိုင်....

သူမ ပုံစံက သူ့ကိုနှိပ်စက်ခဲ့တုန်းကနဲ့ လားလားမှမတူ.... တစ်ခြားသူတစ်ယောက်လိုပင် ကွဲပြားလျက်ရှိ၏.....

"ဟုတ်ကဲ့"

သူ့စကားသံအဆုံး၌ ပိုက်ဆံအိတ်လေးကို ဂျိုင်းပေါ်မြှောက်တင်ရင်း နောက်တစ်ခေါက် ဟန်ပါပါ ပြုံးပြကာ ထွက်လေသည့် ထိုအမျိုးသမီး.....

(အင်း သူက သစ်ရွက်စိမ်းမျိုးနွယ်တွေကိုပဲ အမြင်မကြည်တာဖြစ်မယ် )

အတွေးတို့နှင့်အတူ သက်ပြင်းယဲ့ယဲ့ချကာ ခေါင်းကိုဖြေးလေးစွာခါရမ်းရင်း ပြတိုက်တွင်းဝင်သွားသည့် yibo

ကျင်းဇီရွှမ်းတစ်ယောက် computerထဲရှိ သတ္တဝါမျိုးစိတ်များကို လေ့လာနေရင်းက ......

ပြတိုက်အဝင်ဝမှာ ကြောင်တောင်တောင်မျက်လုံးလေးများဖြင့်

ဟိုကြည့်လိုက် ဒီကြည့်လိုက် လုပ်နေသည့် သူစိမ်းကောင်လေးအား အမှတ်မထင် မြင်တွေ့လိုက်ရတယ်ဆိုရင်ပဲ....

computerကို ဖွင့်လျက်ထားခဲ့လိုက်ပြီး ထိုကောင်လေးအနား ပြေးသွားလိုက်ကာ...

"ဟေး...... မင်းဘယ်သူ့ကိုရှာနေတာလဲ...ge ဘာကူညီပေးရမလဲ"

ထွက်ပေါ်လာသော အသံကြောင့် yibo ထိုအသံလာရာဆီလှည့်ကြည့်လိုက်မိသည်....

(ဟိုလူပဲ)

"ဟေး...မင်း ဘာအကူအညီလိုနေတာလဲလို့"

မျက်တောင်မခတ်စတမ်း အတွေးလွန်နေသည့် သူမျက်နှာရှေ့သို့ လက်ကိုခါရမ်းရင်း ပြောလာပြန်သည့် ထိုလူကြီး.....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now