PART 45

384 28 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....45.....

"ကိုကြီး ဘယ်သူမှမမြင်စေနဲ့နော် သေချာပိပိရိရိလုပ် ကြားလား"

ပြတိုက်၏ ခေါင်မိုးထပ်နှင့် အလည်ထပ်ကို ဆက်နွှယ်ထားသော

လှေကားတွင်ရပ်ကာ နှစ်ယောက်သားတိုးတိုး တိုးတိုးနှင့် ခိုးကြောင်ခိုးဝှက် စကားပြောနေကြခြင်းဖြစ်သည်။

ပြတိုက်ရဲ့သဏ္ဍာန်က အပေါ်ဆုံးခေါင်မိုးထပ်မှာ အခန်းနှစ်ခန်းထားရှိပြီး တစ်ခန်းက meeting roomဖြစ်ကာ

Meeting roomနှင့်မျက်နှာချင်းဆိုင်အခန်းက စာချုပ်ထားရှိရာအခန်းဖြစ်သည်။

အလည်ထပ်မှာတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတ္တဝါထူးဆန်းတွေ

အောက်ဆုံးထပ်မှာက ဝန်ထမ်းတွေရဲ့အလုပ်စားပွဲနဲ့ EOရုံးခန်း

ဝန်ထမ်းတွေကိုတော့ တစ်နေရာထဲမှာ တစ်စုတစ်စည်းတည်း ဟောခန်းသဖွယ်ထားရှိတာဖြစ်ပြီး

CEOရုံးခန်းကိုတော့ သီးသန့်ခွဲထားခြင်းဖြစ်သည်။

"ဟုတ်ပါပြီ babyလေးသာ ကတိတည်ဖို့ပြင်ထား"

ပြောလဲပြော ဆံပင်ကိုသပ်တင်ပြီး ဝတ်ထားတဲ့ အနောက်တိုင်းအင်္ကျီကို နေရာတကျ ဆွဲဆန့်လိုက်ကာ

လေပူတစ်ချက် မှုတ်ထုတ်လို့ "စာချုပ်ထားရှိရာအခန်း"ဆီ တစ်လှမ်းချင်း မသိမသာ ချဥ်းကပ်ခဲ့တော့သည်။

နောက်မှာကျန်ခဲ့တဲ့ ယွိထုံကတော့ အောင်နိုင်သူအပြုံးကြီးနဲ့ နှုတ်ခမ်းတစ်ဖက်မဲ့လို့ပေါ့

Ring Ring

ဘေးဘီဝဲယာကို ကပျာကယာအကဲခတ်လိုက်ပြီး လက်ထဲကဖုန်းလေးကို သူမ လျင်မြန်စွာပြန်ဖြေလိုက်သည်။

"ပါး ဘာကိစ်စလဲ"

"သူတို့က လေလံပွဲကိုနောက်မဆုတ်နိုင်ဘူးတဲ့ အခုပဲ emailကတစ်ဆင့် စာလှမ်းပို့လိုက်တာ"

"ဟမ်...အဲ့ဒါကိုခုမှပြောရလား ပါးရယ်"

"ပါးဆီလဲ အစောကပဲ စာရောက်တာ လုပ်ငန်းရှင်တွေဆိုတော့ မအားလပ်ကြလို့နေမှာပေါ့...."

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now