PART 39

391 40 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....39....

"လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကံအနိမ့်အမြင့်ချင်းမှမတူပဲ...
သမီးတုန်းက ဒီလိုဖြစ်ခဲ့လို့ xiao zhanအလှည့်ကျလဲ ဒီလိုဖြစ်ရမယ်ဆိုပြီး တစ်သမတ်တည်း ချမှတ်ထားတာမှမဟုတ်တာ...
သူ့ကံကိုပဲ အပြည့်အဝ အလုပ်လုပ်ခွင့်ပေးလိုက်ပါ....နော်.."

မိဖုရားခေါင်ကြီးရဲ့စကားသံအဆုံး ရှောင်ဖိုင်ဖိုင်တစ်ယောက် ငိုကြီးချက်မနဲ့ တရှုံ့ရှုံ့နှာသံပေးရင်း

"ကျွန်မသားလေးကို ကျွန်မလို မနာကြင်စေရဘူး
သူ့ကိုနာကြင်ခံစားရအောင်လုပ်တဲ့သူတိုင်းကိုလဲ ကျွန်မခွင့်လွတ်မှာမဟုတ်ဘူး"

..........

yiboတည်ရှိရာအခန်းလေးထဲဝင်လျှင်ဝင်ချင်း တွေ့လိုက်ရတာက

ဆန်ပြုတ်ပူပူလေးကိုတဖူးဖူးမှုတ်ရင်း yiboကို အသာအယာခွံ့ကျွေးနေတဲ့ စစ်သူကြီးရွှယ်ယန်ရယ်...

သူဝင်လာတာကိုတွေ့တာနဲ့ စားနေတာကို ချက်ချင်းရပ်ကာ

မောင်းမ အခြံအရံများအား အခန်းတွင်းမှ မောင်းထုတ်လိုက်လေသူ သူရဲ့ဘီလုံးငှက်လေးရယ်

သူ့ရှေ့ကဖြတ်ပြီး အခန်းအပြင်ကိုထွက်သွားတဲ့ ရွှယ်ယန်ကတော့ သူ့နားကပ်လို့ တိုးတိုးလေးပြောရှာပါတယ်

"အိမ်ရှေ့မင်းသား စိတ်အခြေအနေမကောင်းသေးဘူး"တဲ့

xzလဲ သူ့ဘီလုံးငှက်လေးအနား မရဲတရဲ ချဥ်းကပ်ရတာပေါ့

ရာသီဥတုအခြေအနေကို အကဲခတ်ရအုံးမယ်လေ

"yibo....ဘယ်လိုနေသေးလဲ ဘယ်နားကနာနေသေးလဲ"

ကောင်လေးကတော့ မျက်နှာကို တစ်ဖက်သို့လွှဲရင်း ခက်ထန်တင်းမာခြင်းတွေအပြည့်

"မားရဲ့လုပ်ရပ်အတွက် Geတောင်းပန်ပါတယ် သူ့ကိုလဲပြန်ပေးဆပ်ခိုင်းမှာပါ..."

yibo ဆိတ်ဆိတ်နေနေဆဲ

"yibo ဗိုက်မပြည့်သေးဘူးမလား ...ခဏနော်"

ပြောလဲပြော ငေါက်ဆို ထ ကာ အခန်းပြင်ထွက်သွားလေသူ xzတစ်ယောက်

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now