PART 23

427 42 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက် 🖤

...23...

"ဘယ်လို"

"ဟုတ်တယ်......အန်တီ အဲ့ဒီအဆိပ်မှုန့်တွေကို ကျွန်မ အဖေဆီမှာ တွေ့ခဲ့ဖူးတာလေ... ကျွန်မငယ်ငယ်ကပေါ့"

သူမ ပြောမှ ဝမ်ထယ်မင်တစ်ယောက် ထိုအဆိပ်မှုန့် တွေ့ခဲ့ဖူးတဲ့နေရာကို ပြန်သတိရမိသည်...

ဝမ်ချင့်အသက် ငါးနှစ် ခြောက်နှစ်လောက်က

အဖျားအရမ်းကြီးပြီး တက်တက်သွားတယ်လို့ အထိန်းတော်တွေက လာပြောတော့

သူမ နန်းဆောင်ကနေ ချက်ချင်းပဲ ဝမ်ချင်တို့ သားအဖဆီ စိုးရိမ်တကြီး ထွက်လာခဲ့တယ်...

အဲ့ဒီမှာ ဝမ်ချင့်ခမည်းတော်ရဲ့ ဆေးပစ္စည်းတွေထားတဲ့နေရာက အဲ့ဒီအဆိပ်မှုန့်ကို သူမ စတင် မြင်တွေ့လိုက်ရတာပေါ့...

ဘာတွေလဲဆိုပြီး သူမ ဝမ်ချင့်ဖခင် သမားတော်ကြီးကိုမေးမိတော့...

လူသားတိုင်းပြည်ကနေ အမှတ်မထင် တွေ့ခဲ့ရတဲ့ပစ္စည်းဆိုပြီး ပြန်ဖြေတယ်..

အဲ့ဒီပစ္စည်းက အသုံးဝင်လား မဝင်ဘူးလားဆိုတာကို

သစ်ရွက်စိမ်းတိုင်းပြည်ရောက်မှ သေချာစစ်ဆေးကြည့်တော့

လူသားတွေက တော်ဝင်သတ္တဝါမျိုးနွယ်တွေအတွက် အထူးစီမံဖော်စပ်ထားတဲ့ အဆိပ်တစ်မျိုးဖြစ်ကြောင်း သူ သိခဲ့ရတယ်ဆိုပြီး သူမကို ပြောပြတယ်....

နောက်တော့ ၎င်းဟာ အန္တရာယ်ရှိတဲ့ ဆေးမှုန့်မို့ ဘုရင်ကြီးက မီးရှို့ဖျက်ဆီးစေခဲ့တာပေါ့...

သစ်ရွက်စိမ်းလူသားတွေဟာ ဟိုးရှေးအစဥ်အဆက်ကတည်းက

လူသားတွေနဲ့အတူ ရောယှက်နေထိုင်ခဲ့ဖူးတဲ့ မှင်စာနတ်မျိုးနွယ်လေးတွေဖြစ်ပြီး

သူတို့မှာ ထူးရှားတဲ့စွမ်းအင်တွေ ထူးရှားတဲ့ပုံပန်းသဏ္ဍာန်တွေပိုင်ဆိုင်ထားရတာကြောင့်...

ထိုခေတ်အခါက တန်ဖိုးအရှိဆုံးသတ္တဝါလေးတွေအဖြစ် စီးပွားရေးလုပ်ငန်းရှင်တွေကြား ထင်ရှား ကျော်ကြားခဲ့တယ်

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now