PART 37

401 44 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....37.....

ဒဏ်ရာရထားတာကြောင့် သူ ခပ်တိုးတိုးသာ ခေါ်လိုက်ပေမယ့်....

သူ့အသံကိုကြားသွားတဲ့ ရှောင်ဖိုင်ဖိုင်ကတော့

သစ်ရွက်စိမ်းဘုရင်ကြီးရဲ့ရင်ဘတ်မှာထိုးစိုက်ထားတဲ့ သံချွန်ပေါ်က သူမ လက်ကို

ဆတ်ဆို အထိတ်လန့်လွှတ်ရင်း ဆိုးဆိုးဆတ်ဆတ်တုန်နေတဲ့ သူမရဲ့ လက်နှစ်ဖက်ကို အတင်းခါရမ်းကာ....

"ငါ..ငါသတ်တာမဟုတ်ဘူးနော် သူ့ပ့သူ သူပ့သူ ထိုးသွင်းလိုက်တာ"

သစ်ရွက်စိမ်းဘုရင်ကြီးကတော့ ထိုသံချွန်ကို ကိုင်ထားရင်း တန်းလန်းနဲ့ အသက်ထွက်နေသည်လားမသိ....

တုပ်တုပ်မျှပင်မလုပ်တော့ပဲ...မိဖုရားခေါင်ကြီးဆိုတာလဲ ရှောင်ဖိုင်ဖိုင့်နောက်၌ သတိလစ်မေ့မျောပြီး လဲကျနေလေသည်။

"ခင်ဗျား...ခင်ဗျားဘယ်သူလဲ.သူတို့နှစ်ယောက်ကို..ခင်ဗျားဘာလုပ်လိုက်တာလဲ"

"အရှင်...ခုက ဒါတွေမေးနေရမယ့်အချိန်မဟုတ်ဘူး...ကျွန်တော်တို့ ဒီထဲကနေ ချက်ချင်းထွက်မှရမယ်"

ထိုသို့ပြောလာသူက စစ်သူကြီး ရွှယ်ယန်

"အင်း စစ်သူကြီး....
ခမည်းတော်နဲ့မယ်တော်ကိုအရင်ခေါ်သွားဖို့လုပ်ပါ ....
အပြင်မှာ မေ့လဲနေတဲ့ ဝမ်ချင့်ကိုပါ တစ်ခါတည်းခေါ်ခဲ့
သူ့ကို စစ်မေးစရာတွေရှိတယ်
ဟိုက မိန်းမကို သံခြေချင်းခတ်ပြီး ဖမ်းလာဖို့လဲ မမေ့နဲ့ ...."

ပုဝါစတွေ ဖုံးအုပ်ထားတဲ့ ရှောင်ဖိုင်ဖိုင်အား စူးစူးရဲရဲကြည့်ကာ အဲ့ဒီလို ပြောလိုက်တဲ့ yibo. ..

ကြားထဲက xzခမျာတော့ ဖြစ်ပျက်နေသမျှကို တစ်လုံး တစ်ပါဒ မှ နားလည်နိုင်စွမ်းမရှိပေ...

..............

"သိန်းငှက်အရှင်..ကျွန်တော်တို့တွေ ဒီထဲက အမြန်ထွက်ရအောင် မဟုတ်ရင် လေတွေက ကျွန်တော်တို့အားလုံးကို တိုက်စားသွားလိမ့်မယ်"

ဝှီး.....ဝှီး.....ဝေါ......

အချိန်ခဏလေးအတွင်း ပြင်းထန်စွာ ဝေ့ဝဲ လာတဲ့ အဲ့ဒီလေလုံးကြီးတွေဟာ

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now