PART 27

376 39 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...27...

"ဝမ်ချင်...ငါ့လက်ကိုင်အိတ်ဘယ်မှာလဲ"

ဝမ်ထယ်မင်တစ်ယောက် ဧည့်ခန်းဆိုဖာပေါ်ထိုင်ကာ လက်လက်ထနေသော ပတ္တပြားနားကပ်များကို ဝတ်ဆင်နေရင်းက ထိုကဲ့သို့ပြောလိုက်တယ်ဆိုရင်ပဲ....

"ဒီမှာပါအန်တီ အထဲမှာစာရွက်စာတမ်းအားလုံး ပါပါတယ်"

သူမ အနား ရိုကျိုးစွာ ကပ်လာရင်း ပိုက်ဆံအိတ်အလှလေးတစ်လုံးအား ဆောင်ကျဥ်းပေးလာသည့် ဝမ်ချင်...

"ကောင်းပြီ ဒါဆိုသွားရအောင်"

"ဟုတ်ကဲ့"

~~. .~~. .~~. .~~. .~~. .~~. .~~. .~~. .~~. .~~

"အဟင်း ဒီကမ္ဘာမှာ လက်ညှိုးညွှန်ရာရွှေဖြစ်စေတဲ့ ငါ့လောက် အရာရာပြည့်စုံလွန်းသူရှိနိုင်ပါအုံးမလား...
အဟက်ဟက်ဟက်"

ရုံးခန်းအတွင်း တပ်ဆင်ထားသော အတွင်းအပြင် ထိုးဖောက်မြင်ရသည့် မှန်ပါပါးလေးရှေ့တွင်ရပ်ကာ....

ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ရင်း ကိုယ့်ကိုကိုယ် ဘဝင်ဟပ် နေသည့် အသက်နှစ်ဆယ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး...

ပေါင်လည်ခန့်ရှိ တိုနန့်နန့်စကပ်ကိုဝတ်ကာ...

ဆံပင်ကောက်ကောက်ကို ကျောပေါ်ဖြန့်ချထားရင်း လည်ဟိုက်အင်္ကျီတွေကိုသာလျှင် ဝတ်ဆင်လေ့ရှိတဲ့...

ကောင်မလေးယွိထုံကလွဲပြီး ဘယ်သူများဖြစ်နိုင်အုံးမှာလဲ..

ဒေါက်...ဒေါက်...

"CEO ကျွန်တော် ဝင်လာလို့ရမလားဗျ"

သူမ အဲ့ဒီလို ကိုယ့်ကိုကိုယ် မှန်ရှေ့မှာရပ်ကြည့်နေရင်းက တံခါးအပြင်မှ ထွက်ပေါ်လာသော ထိုအသံကြောင့်

"ဝင်ခဲ့ပါ "

ကလစ်...

"အော် ဇီရွှမ်းge ge... ဘာကိစ္စရှိလို့လဲ"

"အပြင်မှာ ဧည့်သည်တွေရောက်နေလို့ပါ CEOနဲ့အရေးတကြီးဆွေးနွေးစရာရှိလို့တဲ့"

"ဟင်...ဘယ်သူတွေလဲ.......
ယွိထုံ ဒီနေ့ ဘယ်သူနဲ့မှလဲ ချိန်းမထားပါဘူး"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now