PART 18

519 54 3
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက် 🖤

...18...

"ကောင်းပါပြီ အမိန့်တော်အတိုင်းပါအရှင်မင်းကြီး"

ပြောပြီးသည်နှင့် အရိုအသေပေးကာ ထွက်သွားလေသည့် ရွှယ်ယန်....

(မင်းဘယ်ခြေလှမ်းနေတယ်ဆိုတာ ငါမသိဘူး ထင်လို့လားရွှယ်ယန်...
ဟက်...ငါက ဘုရင်တစ်ပါး .....
တစ်ခြားသူထက် ဘုန်းကံကြီးလို့ ,တစ်ခြားသူထက် ဥာဏ်ထက်မြက်လို့
ဒီနေရာကိုရထားတယ်ဆိုတာ မင်းမမေ့နဲ့)

~~. .~~. .~~. .~~. .~~. .~~. .~~. .~~. .~~. .~~

++စားသောက်ဆိုင်အတွင်း ဟိုမှဒီမှနေ၍ တစ်ယောက်တစ်ပေါက် ဆူညံစွာထွက်ပေါ်လာသော အသံများဖြင့် စည်ကားနေချိန်ဖြစ်သည်.....

"ကျွန်မက ပြတိုက်ကိုတစ်ဆင့်ပြန်ဝယ်လိုက်တဲ့ သူဋ္ဌေးယွိရဲ့တစ်ဦးတည်းသော သမီး ယွိထုံပါ....
ယွိပါးက လတ်တလော အလုပ်အရမ်းရှုပ်နေတာမို့
ကျွန်မ ကပဲ ပြတိုက်ကိုလာကြည့်နှင့်တဲ့သဘောပါ...
အားလုံးပဲ ကူညီသင်ပြပေးကြပါလို့ ကျွန်မ တောင်းဆိုပါရစေ"

နေရာတွင်မတ်တက်ရပ်ကာ ချိုအီနေသော မျက်နှာ,
ချွဲပြစ်လှသော အသံတို့ဖြင့် ထိုသို့ပြောလာသည့် အဲ့ဒီကောင်မလေး.....

"ဟုတ်ကဲ့ပါ ယွိမိန်းကလေး ကျွန်တော်တို့အားလုံးမှတ်ထားပါ့မယ် "

ထိုမိန်းကလေးရဲ့စကားလဲဆုံးရော ဆတ်ကနဲမတ်တပ် ထ ရပ်ကာ...

အဲ့ဒီလို ပြန်ပြောလာသူက ဒါရိုက်တာ ဟောက်ရမ်ပင်ဖြစ်သည်....

"ကောင်းပါပြီ ဒါဆို ဖြေးဖြေးသုံးဆောင်ကြပါ ကျသမျှစရိတ်အားလုံး ကျွန်မ ရှင်းပါ့မယ်...."

ပြောပြီးသည်နှင့် သူမ နေရာတွင် ပြန်ထိုင်လိုက်သော ထိုမိန်းကလေးကြောင့်

ဟောက်ရမ်ပါ သူမနဲ့အတူ တစ်ခါတည်း လိုက်ထိုင်လိုက်သည်.....

"အကိုအရက်သောက်တတ်လား"

ခါးကိုမတ်ထားရင်း သူ့ဘေးတွင် ငြိမ်သက်စွာထိုင်နေသည့် ကိုရေခဲတုံးအား yiboထိုသို့မေးလိုက်လေတော့....

"အင်း"

ထုံးစံအတိုင်း အင်း တစ်လုံးသာ ပြန်ဖြေလာသည့် xz....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now