PART 59

333 32 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....59...

"အဟင်းဟင်း..ငါ ကြိုပြောထားသားပဲ
နင်မပေးလဲ အချိန်တန်ရင် ငါ့ခန္ဓာကိုယ်ကို ပြန်လာယူမှာပါလို့...အခု ငါလာယူတာလေ "

ဒေဝီတစ်ယောက် အနားတွင် ကူကယ်မည့်သူ ရှိလိုရှိငြား
သွေးပျက်ခြောက်ခြားစွာ လိုက်ရှာနေမိသည်။

ဒီတစ်ခါသာ ပျောက်ကွယ်သွားရင် အရင်လို သူမ ဝိညာဥ်ကို ပြန်ခေါ်လာပေးမယ့် သိန်းငှက်ဘုရင်ကြီးလဲသေပြီ....

သူမ ပါးကို အညှာအတာမဲ့စွာ ရိုက်နှက်ခဲ့သူကိုလဲ ပြန်ကလဲ့စားမချေရသေး...

(ဟင့်အင်း မဖြစ်ဘူး ဒီတစ္ဆေမကို လွယ်လွယ်ကူကူ အရှုံးပေးရအောင် ငါအက်လောက်မပျော့ညံ့ဘူး

ဒီခန္ဓာကိုယ်ကလဲ ငါ့ဟာ....မပေးဘူး လုံးဝမပေးဘူး)

တွေးရင်း သူမ ဆေးရွက်တွေ အစီအရီထားရှိတဲ့ စင်အမြင့်ကြီးတွေကြား သွက်လက်စွာ ပြေးဝင် ပုန်းကွယ်ရင်း တစ်စုံတစ်ခုကို သဲသဲမဲမဲ လိုက်ရှာနေမိသည်။

"ဘယ်မှာလဲ ဘယ်မှာလဲ...."

သူမ ဘေးပတ်လည်မှာတော့ လေတွေ တဝေါဝေါ တိုက်ခတ်နေဆဲပင်...

"ဒေဝီ... အခုချက်ချင်း ငါ့ခန္ဓာထဲက ထွက်ခဲ့စမ်း
အယုတ်တမာမ....သူခိုးမ...
သူများပစ္စည်းကို လက်ဝါးကြီးအုပ်ချင်နေတယ်..ထွက်ခဲ့စမ်း"

ဒေဝီ စင်မြင့်ရှည်ကြီးတွေကြား လှန်ရင်း လှောရင်းက ဇောစိတ်ကြောင့် နဖူးကချွေးသီးလေးတွေပင် ကြမ်းပြင်ပေါ် ပေါက်ကနဲ ပေါက်ကနဲ စီးကျသွားသည်အထိ....

"ဘယ်မှာလဲဟာ...ထွက်ခဲ့ပါတော့...."

"ဒေ..ဝီ...."

အက်ရှရှ အသံက ဒူးတွေပင် မခိုင်ချင်တော့အောင် တုန်လှုပ်ဖွယ်ရာကောင်းလွန်းလှသည်။

"နင်က တူတူပုန်းတမ်း ကစားချင်တယ်ပေါ့...
အဟက်ဟက်...ဖြစ်စေရမယ် ဒီအခန်း ဒီပတ်ဝန်းကျင်က ငါကျင်လည်ခဲ့တဲ့နေရာတွေပါ...
နင့်ကို ရှာတွေ့ဖို့က အလွန်ဆုံးမှ တစ်မိနစ်ပဲ...ဟင်းဟင်းဟင်း"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now