PART 29

368 40 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

....29....

"ယုန်...ယုန်လေး တကယ်ပြောတာလားဟင်...ge geနားကြားမမှားပါဘူးနော်"

သူ အဲ့ဒီလို ဝမ်းသာအားရနဲ့ တအံ့တဩမေးလိုက်ပေမယ့်..

xzကတော့ မျက်လုံးကြီးမှိတ်ပြီး ခပ်ယဲ့ယဲ့ပြုံးထားသည့်သူ့ပုံစံကိုမပြင်ရသေး....

"တ..ဘော...ကျတယ်....အဟင်းဟင်း..ပူ..တူး...ယေးကို... gegeက...အရမ်း တ...ဘော...ကျ..တာ.."

ပြောလဲပြော ငေါက်ဆို မတ်တပ် ထ ရပ်လိုက်ပြီး

ယိုင်ထိုးယိုင်ထိုးနဲ့ ရှေ့နားသို့ ခြေလှမ်းသုံးလှမ်းမျှ လျှောက်လှမ်းသွားလိုက်သူ xz. ..

ထို့နောက်မှာတော့....

"ပူတူးရေ....gege. ..မင်းကို အရမ်းသတိရတာပဲ...
ကလေးလေးရေ.....အီး ဟီး..ဟီး...geကိုဘာလို့ထားသွားတာလဲကွာ....
geမှာ ဘာအပြစ်တွေရှိလို့လဲ....အဟင့် ဟင့်"

~~. .~~. .~~. .~~. .....

(အော် ကျန့်ကျန့်ရယ်....သဘောကျတယ်တဲ့လား
အင်းးး....မင်းပျော်ဖို့အတွက်ပဲဟာ....
ကိုယ်နောက်ဆုတ်ပေးရလဲ တန်ပါတယ် )

သူ့အတွေးတို့အဆုံးမှာတော့ yiboတစ်ယောက် ရစ်ဝဲလာတဲ့မျက်ရည်ကြည်တွေကို ခတ်ဆတ်ဆတ်ပုတ်ထုတ်ပစ်လိုက်ပြီး.....

သူ့တစ်ကိုယ်စာတဲအိမ်လေးဆီ ပြန်ဖို့အပြင်....

ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာတဲ့ xzရဲ့ပလုံးပထွေးစကားသံများကြောင့်.....

လူက ရေခဲရိုက်လိုက်သလို...ချက်ချင်း တောင့်တင်းသွားပြီး ....

နေရာမှာပင် ကြောင်အန်းအန်း ငူငူငိုင်ငိုင်ကြီးရပ်နေမိသည်...

"ယုန်လေး ဘာတွေပြောနေတာလဲ...ဘယ်ကပူတူးလဲ"

"ဟင့်...ပူတူးက ကျွန်တော့်အသက်ဝိညာဥ်လေးလေ.... သူက ဒီတောကြီးထဲမှာ နေတာ...အေ့....
သူ ကျွန်တော့်ကိုထားခဲ့တာ ဆယ့်သုံးနှစ်ကျော်ကျော်တောင်ကြာခဲ့ပြီ...အဟင့်ဟင့်.....
ကျွန်တော်အဆင်ပြေရဲ့လားလို့ တစ်ချက်လေးတောင် လာမကြည့်ခဲ့ဘူး....တော်တော်ဆိုးတဲ့ကောင်စုတ်လေး......"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now