PART 30

432 35 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...30...

"ဘယ်လို....."

"ဟုတ်ပါတယ်....ဒါက ဒီသစ်တောရဲ့တစ်နေရာမှာ နေထိုင်တဲ့သတ္တဝါတွေပြုလုပ်ထားတဲ့ လက်နက်တစ်မျိုးပါ"

သူမ ဟောက်ရမ်စကားကြောင့် သက်ပြင်းတစ်ချက်ချကာ..တုန်ရီ အေးစက်နေသော သူမရဲ့လက်ချောင်းများအား တစ်လှည့်စီနှိပ်နယ်လိုက်ပြီး...

"ရှောင်လင်း.... "

သူမရဲ့ သက်တော်စောင့် တစ်ဦးအား လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

"အမိန့်ရှိပါ သခင်မလေး"

"သူတို့နောက်ကို ဝမ်ချင် ပါသွားတယ်...
အဲ့ဒီမိန်းကလေးသာတစ်ခုခုဖြစ်ရင် အန်တီဝမ်ထယ်မင်က ငါတို့ပြတိုက်ကို တရားစွဲမှာအသေအချာပဲ
ဒီတော့ နင်တို့အဖွဲ့ လမ်းမပျောက်အောင် သေချာမှတ်သားပြီး သူ့ကိုရအောင်ရှာလာခဲ့...
ငါ ရဲစခန်းကိုဖုန်းဆက်ခေါ်ပြီး ဝန်ထမ်းတွေနဲ့အတူ ကားပေါ်မှာ စောင့်နေမယ် ကြားလား..."

"ကြားပါတယ် သခင်မလေး.."

"အင်း ကြားရင်ပြီးရော...ကဲ အားလုံး ကျွန်မတို့ အခုချက်ချင်း busကားဆီ ပြန်သွားကြရအောင်..
ဒီမှာ အန္တရာယ်အရမ်းများတယ်.."

"ကောင်းပါပြီ CEO"

ပြောပြီး တစ်ယောက်တစ်ပေါက် ထင်ကြေးပေးရင်း..ထိုနေရာမှ ထွက်ခွာသွားကြလေသည့် ဝန်ထမ်းများ...

သူတို့လဲထွက်သွားရော yiboတစ်ယောက် လျင်မြန်စွာပဲမတ်တပ် ထ ရပ်ပြီး

သူနဲ့အတူ မြေပြင်ပေါ် လဲကျနေသော xzအား ဆွဲထူပေးလိုက်ကာ....

"အကို...ဘာဖြစ်သွားသေးလဲဟင်"

"ဟင့်အင်း .....ကျေးဇူးပဲ wang yibo
ဟိုမှာ မင်းကောင်မလေးကို ကူတွဲလိုက်အုံး သူတော်တော်လန့်သွားပုံပဲ "

xzတစ်ယောက် yiboအားထိုသို့ပြောလိုက်ပြီး

ကိုယ်ပေါ် တင်ကျန်နေသော ဖုန်များအား တဘုတ်ဘုတ် တဘတ်ဘတ် ခါလျက်

သူ့ပစ္စည်းများအား ပြန်ကောက်နေတုန်း

"ယုန်လေး မင်းဘယ်နားထိခိုက်မိသွားသေးလဲ"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now