Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်
...54....
နောက်တစ်နေ့မနက် ရွှယ်ယန်မှတစ်ပါး အိမ်သားအားလုံး သစ်ရွက်စိမ်းတိုင်းပြည်ဆီ နေမထွက်ခင် ခရီးနှင်ခဲ့ကြသည်။
ရွှယ်ယန်ကတော့ သူ့အရှင်ရဲ့စေခိုင်းချက်နဲ့ ပြတိုက်ဆီ အသော့ကလေးပြေးလို့ပေါ့....
သို့နှင့် သူပြတိုက်ဆီ ရောက်သွားတော့ meetingခန်းတွင် ဝန်ထမ်းများကို စုရုံးစေကာ အကြောင်းစုံပြောပြပြီး
နစ်နာကြေးငွေအချို့ ပေးဖို့ စီစဥ်ပြန်၏။
ဝန်ထမ်းတွေကတော့ ကျင်းဇီရွှမ်းအတန်အသင့်ပြောပြထားတာကြောင့်
သိပ်အံ့ဩသွားပုံမပေါက်ပေမယ့် မျက်နှာမကောင်းလှ....
"ငွေယူပြီးတာနဲ့ ဒီဇယားထဲက ကိုယ့်နာမည်မှာ လက်မှတ်လာထိုးပါ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်လို့ရပါပြီ"
ရွှယ်ယန့်စကားသံအဆုံး
တစ်ယောက်ပြီးတစ်ယောက် လက်မှတ်လာထိုးပြီး အခန်းပြင်ထွက်သွားကြလိုက်တာ....
meetingခန်းလေးထဲ သူနှင့်ကျင်းဇီရွှမ်း နှစ်ယောက်ပင်ကျန်တော့သည်အထိ...
"ကျင်းဇီရွှမ်းထင်တယ် မနေ့က ကျုပ်နဲ့လိုက်လာတဲ့တစ်ယောက်က ခင်ဗျားမဟုတ်လား"
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဖြစ်၏ ဆိုတဲ့အတိုင်း အင်းမလုပ် အဲမလုပ်ဖြင့် သူ့ကိုတွေတွေကြီး စိုက်ကြည့်နေတဲ့ ကျင်းဇီရွှမ်း.....
"ဒီမှာ လက်မှတ်ထိုးလှည့် ခင်ဗျားကို တစ်နေကုန်စောင့်နေရလောက်အောင်ထိ ကျုပ်အချိန်တွေပေါမနေဘူး"
စားပွဲပေါ်က စာရင်းဇယားစာရွက်လေးကို မျက်စပစ်လို့ ပြောလာတဲ့ ရွှယ်ယန်
သို့ပေမယ့် ဟိုတစ်ယောက်ကတော့ ငေးငိုင်တွေဝေစွာ ရပ်နေဆဲ....
"ခင်ဗျားကိုပြောနေတာ မကြားဘူးလား"
"သူတို့ ဘယ်လေဆိပ်မှာ လက်မှတ်ဖြတ်ထားလဲ...
ပြီးတော့ ဘယ်ကိုသွားကြမှာတဲ့လဲ"တစ်လုံးချင်းစီ ဖြေးဖြေး အေးအေး ထွက်လာသော သူ့စကားသံတွေ
"သူတို့သွားကြပြီလေ...ဒီနေ့မနက်စောစောပဲ ထွက်သွားကြတာ.."
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
Fiksi PenggemarZhanyi