Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်
.....47.....
"ဗျာ...."
"နောက်တစ်ခါ ငါမျက်ရည်တစ်ခါကျရင် မင်းကိုတစ်ခါစားမှာလို့"
"ဟွန့်... မျက်ရည်မကျလဲစားနေတာပဲမလား အပိုတွေလာပြောနေတယ်"
"ဝမ်...ရိ...ပေါ်"
yibo သူ့ကိုခေါ်နေသည်အား အရေးမလုပ်ပဲ ကားကိုအရှိန်တင်ကာ ဆက်မောင်းသွားလိုက်သည်။
ထို့နောက် ကားမောင်းနေရင်းက မျက်နှာတည်ဖြင့်
"ပူတူးလေးလို့ခေါ်မှ ထူးမယ်"
ထိုသို့ လမ်းကို အာရုံစိုက်မပျက် ပြောလိုက်လေတော့...
အံ့ဩဘနန်းဖြစ်နေတဲ့ xiao zhanတစ်ယောက် ပြူးပြူးပျာပျာဖြင့်....
"တကယ်လား မင်းပဲ အဲ့နာမည်ကို မုန်းလှပါချည်ရဲ့ဆို"
"ဟုတ်တယ်လေ အဲ့တာ အရင်တုန်းက ...အခု မမုန်းတော့ဘူး"
"အမျိုးမျိုးပဲ"
yibo ဟက်ကနဲ ညှင်းသွဲ့သွဲ့ရယ်သံပေးရင်း xiao zhanကြားသွားမှာစိုးတဲ့ သူ့ရင်ခုန်သံတွေကို
စကားလုံးတွေနဲ့ ဖုံးကွယ်လို့ မနည်းထိန်းချုပ်ပစ်ရသည်။
(ကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံး ကမောက်ကမနဲ့ ဖိုးသိုးဖတ်သပ်ဖြစ်နေတာ အကိုသိသွားရင် ရှက်စရာကြီးမဟုတ်လား
အကိုရိပ်မိမယ်မထင်ဘူး ပူတူးလေး လို့ခေါ်တဲ့ အကို့အသံဩရှရှလေးကို ကျွန်တော် သိပ်သဘောကျတယ်
ထပ်ခါ ထပ်ခါလဲ နားထောင်ချင်မိတယ်အကို့နှုတ်ခမ်းတွေကလဲ သောက်လေ သောက်လေ ငတ်မပြေဆိုတဲ့ ပင်လယ်ရေလိုပဲ ..
ဘယ်လောက်ပဲ စားသုံးရ စားသုံးရ ဝ တယ်လို့ကို မထင်ဘူးတစ်ခြားသူနဲ့ဆို အပြုံးအရယ် မရှိသလောက်နည်းတဲ့အကိုကြောင့်
တစ်ဖက်တစ်လမ်းကနေတော့ ကျွန်တော်စိတ်အေးရပါသေးတယ်ပြီးတော့ အကို့နှုတ်ခမ်း ပါးလွလွရဲ့ဘေးက မှည့်လေးက ကျွန်တော့်အပိုင်နော်။
ဟင်း...
နောက်နာရီအနည်းငယ်လောက်ဆို အဲ့မှည့်လေးအပြင် ကျွန်တော် အကို့ကိုပါ အပိုင်ယူတော့မှာ.....။
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi