Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤
...13....
"ဝမ်လေး..."
yiboတစ်ယောက် အရိပ်ကောင်းလှတဲ့သစ်ပင်ကြီးတစ်ပင်အောက်တွင်ထိုင်ကာ.....
စားပွဲ,ထိုင်ခုံ,ပန်းချီပစ္စည်း စသည် စုံလင်လှတဲ့ပစ္စည်းတို့နှင့် ...
ပုံတူပန်းချီတစ်ချပ်ဆွဲနေရာမှ အသံလာရာဆီ မော့ကြည့်လိုက်လေတော့...
"မယ်မယ်"
"အဟင်းး ဝမ်လေးက ဘာတွေသဲကြီးမဲကြီးဆွဲနေရတာတုန်း"
"ဘာရယ်မဟုတ်ပါဘူး မယ်မယ် ပုံတူပန်းချီတစ်ချပ်ပါ"
သူမ yiboအား ချိုသာစွာပြန်ပြုံးပြလိုက်ပြီး...
"မယ်မယ် ဒီမှာ ခဏထိုင်လို့ရမလား"
"ဟုတ်ကဲ့ ထိုင်လေ"
ပြောရင်း yiboတစ်ယောက် စားပွဲပေါ်ရှိ သူ့ရဲ့ပန်းချီပစ္စည်းများအား တစ်ခြားဘက်သို့ တွန်းဖယ်ပေးလိုက်ကာ ...
ခုံအလွတ်တစ်ခုအား သူမဆီ ဆွဲယူပေးလိုက်သည်...
ဒီလိုနဲ့ သူမ ထိုခုံပေါ်ထိုင်ပြီးတယ်ဆိုရင်ပဲ....အတူပါလာသည့် အစေခံများအား ခပ်ဝေးဝေးသို့သွားရန် အမိန့်ပေးလိုက်ကာ.....
"ဝမ်လေးကို မယ်မယ်ပြောစရာရှိလို့ သားအချိန်နည်းနည်းလောက်ပေးလို့ရမလား"
"ဗျာ....ဟုတ် ရပါတယ်"
သူ ဆွဲလက်စ ပန်းချီစုပ်တံအား ဗူးထဲပြန်ထည့်ရင်း...
မိဖုရားကြီးအနီးရှိ ခုံအလွတ်တစ်ခုအားဆွဲထိုင်ကာ ထိုသို့ ပြောလိုက်သည်....
"ဒါက.....အင်း.... မယ်မယ် ပွင့်ပွင့်လင်းလင်းပဲပြောတော့မယ် yibo....
သား လူ့ပြည်ကို ခဏတိုင်းသွားသွားနေတာတွေ မယ်မယ်မသိဘူးထင်လား..."သူမ စကားကြောင့် ဆတ်ကနဲ ပြူးကျယ်သွားတဲ့ yiboရဲ့မျက်လုံးလေးတွေနဲ့အတူ ပါးစပ်ကလဲ ဖြေရှင်းချက်တွေ တစ်ပုံတစ်ပင်နှင့်....
"သား ခန္ဓာကိုယ်ကို တစ်ပေအရွယ်ဖန်ဆင်းပြီးမှ လူ့ပြည်သွားခဲ့တာပါ....
ပြီးတော့ အကြာကြီးလဲမနေပါဘူး မယ်မယ်ရယ်...
အလွန်ဆုံးရှိမှ ဆယ့်ငါးမိနစ် ပါပဲ"
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi