PART 6

802 69 3
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...6.....

"မဟုတ်သေးဘူး......ဒီစစ်ပွဲကို တရားနည်းလမ်းကျကျတိုက်မယ်လို့ ငါဆုံးဖြတ်ထားပြီးသား...
ငါဟာ"ဘူးဆိုရင် ဖရုံမသီး"တတ်တဲ့ ဘုရင်တစ်ပါးမို့...
ငါ့ဆုံးဖြတ်ချက်တဲ့အတိုင်းပဲ ဆက်လုပ်မယ် ...
ဒီတော့အိမ်ရှေ့မင်းသားပြန်လာရင်သာ ငါ့ကိုအရင်ဆုံးအကြောင်းခိုင်းလိုက် ဒါပဲ"

ပြောပြီး ပလ္လင်ပေါ်မှ ဆင်းကာ နန်းဆောင်ထဲဝင်သွားသော သိန်းငှက်လူသားဘုရင်ကြီးအားကြည့်၍...

သိန်းငှက်လူသားတိုင်းပြည်ရဲ့စစ်သူကြီး ရှောင်ရှင်းချန် တစ်ယောက်

ခေါင်းကိုဖြေးလေးစွာခါရမ်းလျက် သက်ပြင်းရှည်ကြီးတစ်ချက်အား မသိမသာချလိုက်မိလေတော့သည်...

~~. .~~. .~~. .~~. .~~. .~~. .~~. .~~. .~~. .~~

"ရှောင်ကျန့် မင်း ကြီးလာရင် ဘာလုပ်မှာလဲ"

မုန့်စားဆင်းချိန်မို့ တစ်ဦးစ နှစ်ဦးစ သာကျန်တော့သော စာသင်ခန်းအတွင်း ဘေးချင်းကပ်ထိုင်နေသည့် ကျန်းချန်ထံမှ စကားသံ ခပ်တိုးတိုး.....

"ငါလား ငါက ကြီးလာရင် တိရစ္ဆာန်ဆေးကု ဆရာဝန်လုပ်မှာ"

"အံမယ် အကြံကတော့ မဆိုးပါဘူး......ဟင်"

ပြောပြီး တစ်ဖက်သို့ပြန်လှည့်သွားတဲ့ ကျန်းချန်....

ချက်ချင်းဆိုသလိုပဲ ပြူးတူးတူးမျက်လုံးတွေနဲ့ နောက်တစ်ခါ ထပ်ပြီး တအံ့တဩ လှည့်ကြည့်လာပြန်သည်.....

"ရှောင်ကျန့်...မင်း... မင်းစကားပီအောင်ပြောတတ်နေပြီပဲ...ဟား...နေ့ချင်းညချင်းကြီးကွာ.."

သူ့စကားကြောင့် ယောင်ယမ်းပြီး ကိုယ့်ပါးစပ်ကို ဆတ်ကနဲ လက်နဲ့ ပြန်အုပ်လိုက်သူ xz....

"ငါ...ငါ .... "

"ဒီအကြောင်း ရှောင်အန်တီနဲ့ ရှောင်ဦးဦးတို့သိပြီးပြီလား"

"ဟင့်အင်း..."

"ဝါး....ရှောင်ကျန့်ရာ....မနေ့ကတောင် မင်းစကားမပီသေးတာကို ဘာဆေးတွေများစားလိုက်လို့တုန်း"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now