PART 61

370 32 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....61....

"အခု...မင်္ဂလာပွဲပြီးသွားပြီဆိုတော့...အားလုံးကိုအသိပေးချင်တဲ့ကိစ္စတစ်ခုကို ပြောပြဖို့ အချိန်ကျရောက်လာပါပြီ"

ရွှယ်ယန့်စကားကြောင့် အုတ်အုတ်ကြွက်ကြွက်နဲ့ သို့လော သို့လော ဖြစ်သွားတဲ့ လူအုပ်ကြီးကို yiboလက်ကာပြ၍ ငြိမ်သက်ခိုင်းလိုက်ပြီး....

ဟောပြောသူအတွက်ပြုလုပ်ထားသည့် လူလေးယောက်မတ်တပ်ရပ်ရန်လုံလောက်သော စင်မြင့်ပေါ်သို့တက်ကာ

အားလုံးနားဝင်နိုင်လောက်သော ပကတိ ကြည်အေးသည့် လေသံဖြင့်....

"ဒီနေ့ တိုင်းသူပြည်သားအားလုံးကို လာရောက်ချီးမြှင့်ပေးဖို့ ခေါ်ရတဲ့ရည်ရွယ်ချက်က ကျွန်တော့်မင်္ဂလာပွဲအတွက်မဟုတ်ပါဘူး..."

ဖြစ်ကြောင်းကုန်စင်ရှင်းပြပြီးတဲ့နောက် လူထုပရိတ်သတ်ရဲ့အကြည့်ဟာ သူတို့နဲ့တန်းတူ ရပ်ကာ....

မာန မပါသော ကြည်စင်စင်အပြုံးလေးနဲ့ ကလေးငယ်တစ်ယောက်ထံ ရောက်ရှိသွားကြသည်။

သူကတော့ ဘုရင်မလျောင်းလျာလေးဖြစ်တဲ့ မြန့်မြန့်ပေါ့

"သူမကို စင်မြင့်ပေါ် လျှောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ.."

ဝင့်ထယ်လှတဲ့အပြုံးနဲ့ yiboရှိရာ မင်္ဂလာစင်မြင့်ထံ တစ်လှမ်းချင်း လှမ်းလာနေတဲ့ မြန့်မြန့်....

ဒေဝီတစ်ယောက်ကတော့ ခုချိန်ထိ မဲ့ပြုံးနဲ့ အဖော်လုပ်နေဆဲ....

"ခဏနေ သူမဆီ နတ်တွေအားလုံး နတ်သက်ကြွေကြတဲ့အခါ ကျွန်တော့်ဆီက သစ်ရွက်စိမ်းအမြုတေကို သူမကိုအပ်နှင်းပါ့မယ်"

အရာအားလုံးဟာ ငြိမ်သက်တိတ်ဆိတ်လို့....

"မြန့်မြန့်.."

သူမ yiboနှင့်မျက်နှာချင်းဆိုင်ရပ်နေရင်းက yiboဆီ လှမ်းကြည့်လိုက်သည်။

xiao zhanကတော့ ထိုစင်မြင့်ရဲ့နောက်မှာရှိတဲ့ မင်္ဂလာစုံတွဲထိုင်ခုံတွင် ထိုင်ပြီး သူတို့နှစ်ယောက်ကို မော့ကြည့်လို့ပေါ့....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now