PART 24

385 42 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...24...

"အဟင်း တို့ပြောရင် မင်းယုံမလားတော့မသိဘူး...

တို့က နှစ်သက်တဲ့အရာကိုလဲ မရရအောင်ယူတတ်သလို

မနှစ်သက်ဘူး အမြင်ကပ်တယ်ဆိုရင်လဲ အဲ့ဒီအရာပျက်စီးဆုံးရှုံးသွားစေဖို့
အချိန်ပြည့် တွေးတောကြံစည်နေတတ်တယ်....

လိုတိုရှင်းပြောရရင်ကွာ အကြောင်းတစ်ခုကြောင့် တို့xzကိုသဘောမကျဘူး

အဲ့ဒါကြောင့်လဲ xzနှစ်သက်တဲ့ပစ္စည်းတွေမှန်သမျှ လိုက်ဖျက်ဆီးတတ်တဲ့အကျင့်ရှိတယ်

ရူးတုန်းမိုက်တုန်းအရွယ်ကပေါ့...အဟက်ဟက်..."

yibo တစ်ယောက် ဟန်ပါပါပြောနေသော သူမစကားများအား အာရုံစိုက်နားထောင်နေရင်းက

xzကိုသဘောမကျဘူးဆိုသော စကားလုံးကြောင့်မျက်မှောင်တစ်ချက်ကျုံ့လိုက်ကာ..

"ခင်ဗျားနဲ့အကိုxzက ဘယ်လိုပတ်သက်မှုမျိုးရှိခဲ့ဖူးလို့လဲ"

"အသေးအမွှားကိစ္စလေးပါ..."

"ဘယ်လိုအသေးအမွှားလဲ"

ထိုကဲ့သို့ တရစပ် မေးခွန်းထုတ်လာသော yiboကြောင့် သူမ yiboအား မကြည်သလိုတစ်ချက်ကြည့်လိုက်ပြီး...

"မေးစရာတွေကလဲမကုန်နိုင် မခမ်းနိုင်ပါလား ဝမ်ရိပေါ်..
တို့က ဘယ်ဟာကိုဖြေပေးရမှာလဲ.....
အော်.. တစ်ခုတော့ရှိတယ်နော် တို့အဖြေကတော့ only one questionအတွက်ပဲ....
ဆိုတော့ တို့အခုပြောနေတဲ့ မင်းရဲ့ဓာတ်ပုံကိစ္စ မင်းနားမထောင်ချင်တော့ဘူး
xzကို တို့ ဘာလို့အမြင်မကြည်ရတာလဲဆိုတဲ့အကြောင်းပဲ သိချင်တယ်ဆိုရင်လဲ it's okyပဲနော်"

Yibo သက်ပြင်းတစ်ချက်ချလိုက်ပြီး..

"Sry.....first question ကိစ္စပဲဆက်ပြောပါ"

"အိုခေ..တို့က ကျောင်းရဲ့shareအများဆုံးပိုင်ထားတဲ့သူရဲ့တစ်ဦးတည်းသောသမီးဆိုတော့....

ကျောင်းမှာ တို့လုပ်ချင်တဲ့ဘယ်အရာမဆိုလုပ်ပိုင်ခွင့်ရှိတယ်...

ph, camera,gameစက် စတဲ့ပစ္စည်းတွေတောင်ယူလာလို့ရတဲ့အထိပေါ့...

အဲ့ဒီနေ့က xzကို တို့သဘောကျတဲ့ စီနီယာအကိုက ထမင်းအတင်းကျွေးပြီး

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now