Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်
....Final....
အားလုံးပြီးဆုံးသွားတဲ့အချိန် တိုင်းသူပြည်သားအားလုံးကို အကျိုးအကြောင်းပြောလို့ နန်းတော်ကနေ ပြန်လွှတ်လိုက်ပြီး...
ဒေဝီငှားရမ်းထားသော ပန်းပဲဆရာကြီးနှင့်သူ့လူများကို ဝန်ခံကတိနဲ့အတူ လွတ်ငြိမ်းချမ်းသာပေးလိုက်ကာ
အမြုတေရဲ့အစွမ်းကို တစ်တိုင်းပြည်လုံးအနှံ့ဖြန့်ကျက်လို့ မကောင်းကျိုးဖြစ်စေမည့်အရာမှန်သမျှအား ဖယ်ရှားပစ်လိုက်သည်။
ဆေးအရှိန်ကြောင့် အိပ်မက်ကမ္ဘာထဲရောက်နေကြသူအားလုံးဟာလဲ ခုတော့ တဝါးဝါးသန်းရင်း ပြန်လည်နိုးထ လာကြပြီပေါ့
"ဘာတွေဖြစ်သွားတာလဲ......"
"ကျွန်မတို့အိပ်ပျော်သွားကြတာထင်တယ်"
သို့လော သို့လောနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အူလည်လည်ဖြစ်နေတဲ့ သူမ တို့အနား အိန္ဒြေရှိစွာ လျှောက်လှမ်းလာတဲ့ သစ်ရွက်စိမ်းဘုရင်မ မြန့်မြန့်
သူမ လက်ဝဲ လက်ယာမှာ xiao zhanနဲ့ wang yiboတို့က ခန့်ညားတည်ကြည်စွာ နေရာယူထားပြီး
သူတို့သုံးယောက်နောက်မှာတော့ သက်တော်စောင့်လို့တောင် ပြောလို့ရတဲ့ စစ်သူကြီးရွှယ်ယန့်က ထပ်ကြပ်မကွာ လိုက်ပါလျက်...
"မယ်တော်"
လျန်းမိန့်ဟွာတစ်ယောက် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်စွာ ပါးတွေနားတွေပြန်ရိုက်လျက် အိပ်မက်လား လက်တွေ့လား ခွဲခြားနေပုံကိုကြည့်ပြီး မြန့်မြန့် ပြုံးလိုက်သည်။
ပြီးနောက် သူမ အဖွားနဲ့မယ်တော်ဆီ လျှောက်သွားလိုက်ပြီး သူတို့နှစ်ယောက်ရဲ့လက်ဖဝါးတွေကို အသာအယာ အုပ်ကိုင်ကာ....
"ဒါ အိပ်မက်မဟုတ်ပါဘူး မယ်တော်"
တိုးညှင်းညှင်း ရယ်သံစွက်လို့ ထိုသို့အရွှန်းဖောက်လေတော့ လျန်းမိန့်ဟွာမှာ ပျော်လွန်းလို့ မျက်ရည်တောင်ကျရတဲ့ အဖြစ်...
ဆယ်နှစ်တာ သူမ ရင်ခွင်နဲ့ ဝေးကွာခဲ့တဲ့ ကလေးငယ်တစ်ယောက်က
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi