PART 40

402 34 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....40....

သူပြောတော့ ကွေးကျိုးသွားတဲ့ မျက်ခုံးသွယ်တန်းတန်းလေး

မသိမသာပွင့်ဟသွားတဲ့ နှုတ်ခမ်းပါးတစ်စုံနဲ့

နားမလည်သလို မျက်လုံးဝိုင်းလေးတွေက ချစ်မြတ်နိုးဖို့ကောင်းလေစွ

"ဒီမှာ..ခင်ဗျားသိဖို့ ကျွန်တော် တစ်ခုပြောမယ်....
ကျွန်တော့်ကို အရင်ကအကြောင်းတွေနဲ့ ချုပ်ကိုင်ဖို့ မကြိုးစားပါနဲ့
ခင်ဗျား မား ဘာလုပ်ခဲ့လဲဆိုတာကို မေ့မပစ်လိုက်နဲ့ဦး
ပြီးတော့ သေချာတာတစ်ခုက အခု ကျုပ်ခင်ဗျားကို စိတ်မဝင်စားတော့သလို
ခင်ဗျားသဘောကျတဲ့ သတ္တဝါထူးဆန်းတစ်ကောင်လဲမဟုတ်တော့ဘူး...အဲ့ဒါမြဲမြဲမှတ်ထား"

တိုးတိုးဖွဖွဆိုရင်း သူ့ပုခုံးကိုတိုးတိုက်ကာ ခြေလှမ်းကျဲကြီးတွေနဲ့ တွေဝေမှုမရှိ လျှောက်လှမ်းသွားလေသည့်

ပူတူးလို့အမည်ပေးထားတဲ့ သူ့ရဲ့ဘီလုံးငှက်ကလေး

စိတ်ဆိုးတဲ့အခါ ဖောင်းကားလာတဲ့ ပါးအိအိလေးတွေက ပေါက်စီလုံးလေးတွေပမာ...ကိုက်စားပစ်လိုက်ချင်ရဲ့.....

(မားလုပ်ရပ်အတွက် geမှာအပြည့်အဝတာဝန်ရှိတာမို့
ပူတူးလေး စိတ်ကျေနပ်တဲ့အထိ geမင်းအနားမှာနေပြီး ဂရုတစိုက် စောင့်ရှောက်ရင်း ဒီအကြွေးကို ကျေအောင်ဆပ်ပေးပါ့မယ်)

သူတွေးနေတုန်း ယောင်နန နဲ့ သူ့အနား စမ်းတဝါးဝါးလျှောက်လှမ်းလာသူ ကျင်းဇီရွှမ်း

ပြီးတော့ တစ်ချက်ကလေး မခတ်တဲ့ မျက်တောင်တွေ...

အေးစက်မာကြောနေတဲ့ သူ့မျက်နှာအနေအထား

မသိရင် တစ်စုံတစ်ယောက်ကို သွေးအေးအေးနဲ့ ရက်ရက်စက်စက်သတ်ပစ်တော့မယ့် လူတစ်ယောက်လိုလို ဘာလိုလို

xzလဲ သူ့စကားလုံးတွေ သူ့ခွန်အားတွေဟာ ပူတူးတစ်ယောက်တည်းအတွက်သာမို့...

အနားရောက်လာတဲ့ ကျင်းဇီရွှမ်းအား အားနာပါးနာ စကားတစ်ခွန်းတောင် မဆိုပဲ လျစ်လျူရှုကာ ထွက်သွားမည်အပြု

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now