PART 11

642 56 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...11...

"ခ....ခမည်းတော်.."

ပြောရင်း ကုတင်ပေါ်ကုန်းရုန်း ထ လိုက်သော အိမ်ရှေ့မင်းသားကြီးနဲ့အတူ...

ဒေဝီဆိုသည့် ကောင်မလေးလဲ အထိတ်တလန့် ဖြစ်သွားတဲ့မျက်နှာနဲ့ ....

ဖရိုဖရဲ အဝတ်များအား အမြန် တည့်မတ်လိုက်ပြီး...

ဂွမ်းစောင်ထူထူကြီးကို သူမ ကိုယ်ပေါ် လွှားကနဲ လွှမ်းခြုံလိုက်လေတော့သည်....

"ခမည်းတော် ထင်သလို မဟုတ်ပါဘူး သားတော်ရှင်းပြပါ့မယ်"

"ပါးစပ်ပိတ်ထားစမ်း....ဟက်...မင်းသိလား...
ခွေးလောက်တောင် သစ္စာမစောင့်သိတဲ့ သူတစ်ယောက်ကို သား တော်ထားရတာ ငါသိပ်ရှက်တယ်ကွ....
မင်းလို သစ္စာဖောက်မျိုး လူ့လောကထဲမှာ တစ်စက္ကန့်လေးတောင် နေခွင့်ရဖို့စိတ်မကူးနဲ့..."

ပြောရင်း သွက်လက်လှသည့် သစ်ရွက်စိမ်းလူသားဘုရင်ကြီးတစ်ယောက်

ကုတင်အနား ဖျက်ကနဲတိုးကပ်သွားလိုက်ကာ...
ပြောင်လက်နေအောင် သွေးထားတဲ့ လက်ထဲက ဓားရှည်ကို...
သူတို့နှစ်ယောက်ရဲ့လည်တိုင်များဆီ ဦးတည်စေလိုက်လေတော့.....

ချက်ချင်းပဲ ဖြာကနဲ ပန်းထွက်လာတဲ့ သူတို့နှစ်ဦးရဲ့လည်တိုင်က သွေးတို့က မွေ့ယာတစ်ခုလုံးပင် ချင်းချင်းနီ သွားသည်အထိ....

အဲ့ဒီမြင်ကွင်းနဲ့အတူ ကုတင်ပေါ် ရှေ့ဆင့်နောက်ဆင့် လဲကျသွားတဲ့ သူတို့ချစ်သူနှစ်ဦး...

ကိုယ့်လည်ပင်းက ဓားဒဏ်ရာကို လက်နှစ်ဖက်နဲ့ထိန်းကိုင်ထားကြရင်း..

အသားတွေပင် တစ်ဆတ်ဆတ်တုန်တဲ့အထိ နာကြင်မှုကို အလူးအလဲခံစားနေကြရလေသည်....

"ရွှယ်ယမ်"

"အမိန့်ရှိပါ မင်းကြီး"

"သူတို့နှစ်ယောက်ကို အခုချက်ချင်း ကားစင်တင်မီးရှို့ဖို့ပြင်.....
ပြီးတာနဲ့ တိုင်းပြည်တစ်ပတ်ပတ်ပြီး ငါ့သားတော်အရင်းဟာ သစ္စာဖောက်တစ်ယောက်ဆိုတဲ့အကြောင်း....
အားလုံးသိအောင် မောင်းကြေးနင်းခတ် ကြေညာလိုက်"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now