PART 17

548 53 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

....17....

"မင်းတို့လိုမျိုး အခုမှ အလုပ် စ ဝင်တဲ့သူတွေအတွက်
ပြတိုက်က တစ်နှစ်တစ်ခါ ဆုပေးတဲ့အစီအစဥ်ရှိတယ်
အဲ့တာက ဘယ်လိုမျိုးလဲဆိုတော့ကွာ

မင်းတို့ အခုပြုစုမဲ့စာတမ်းနဲ့အတူ

စာတမ်းထဲက သတ္တဝါမျိုးစိတ်တစ်ကောင်ကောင်ကို ပြတိုက်မှာ အလှပြဖို့အတွက်ဖမ်းဆီးပေးရမယ်

အဲ့ဒီလို ဖမ်းနိုင်တဲ့သူကို ယွမ်ငါးသိန်းဆုချမယ့်အပြင် ပြတိုက်နာမည်ပါ ပတ္တပြားရုပ်တုတစ်ခုကို ပေးမှာတဲ့"

သူ့စကားကြောင့် xzနှင့်yiboတို့ တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်လိုက်ပြီး

xzကပဲ အရင်ဆုံး မေးခွန်းထုတ်လိုက်သည်

"ကျွန်တော်တို့ မဖမ်းနိုင်ဘူးဆိုရင်ရော...."

"အဲ့တာဆိုရင်တော့ ငါးသိန်းနဲ့အဲ့ဒီရုပ်တုကိုစွန့်လွတ်ရမှာပေါ့....
ယွမ်ငါးသိန်းဆိုတာ အိမ်တစ်လုံးကား တစ်စီးတောင် ပိုင်နိုင်တဲ့ပမာဏနော်....
ပြီးတော့ ပတ္တပြားရုပ်တုကလဲ ရောင်းစားရင် ဒေါ်လာကိုသိန်းဂဏန်းနဲ့ချီပြီးရမှာ....
အင်း...ပြောသာပြောရတယ် ငါ့တုန်းကလဲ အဲ့ပိုက်ဆံတွေကို သွားရည်ကျရုံကလွဲပြီး ခွေးတစ်ကောင် ကြောင်တစ်မြီးလေးတောင် ဖမ်းနိုင်ခဲ့တာမဟုတ်ပါဘူးကွာ...ဟားဟားဟား "

"အဟစ်ဟစ်...."

ကျင်းဇီရွှမ်းနဲ့အတူ yiboပါ လိုက်ရယ်ပေးနေပေမယ့်

xzတစ်ယောက်ကတော့ အရယ်အပြုံးမရှိ ကျောက်ရုပ်ကြီးပမာ မလှုပ်မယှက် တောင့်တောင့်ကြီးထိုင်နေရင်းက....

"ဒါနဲ့ Ge ဥက္ကဋ္ဌအသစ်နဲ့တွေ့ပြီးပြီလား"

"ဟင့်အင်း geလဲတစ်မနက်လုံးအလုပ်တွေ ရှုပ်နေတာနဲ့ သွားမတွေ့ဖြစ်သေးတာ
ဒီနေ့ည သူ့ရဲ့မိတ်ဆက်ပွဲရှိတယ်ဆိုလား ကြားမိတာပဲ"

"ဘယ်မှာတဲ့လဲ"

"ဒါရိုက်တာ ပြောတာတော့ +++စားသောက်ဆိုင်တဲ့"

"ဟုတ်ဟုတ်"

"အင်း ဒါဆို geသွားအုံးမယ် အော် မင်းတို့စာတမ်းပြုစုဖို့ ပေးထားတဲ့အချိန်က တစ်လနော်"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now