PART 7

759 70 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

....7....

တစ်ပတ်ကြာပြီးနောက်.....

ရှောင်မားတစ်ယောက် ခွင့်တစ်ရက်ယူလိုက်ကာ သားဖြစ်သူကျောင်းကိုသွားပြီဆိုတာနဲ့

မျက်လုံးကိုတောင်မြောက်ဝေ့ဝဲလို့ လူရိပ်လူချည်ကြည့်ရင်း အပေါ်ထပ် xzအိပ်ခန်းဆီ သွက်လက်စွာတက်လာခဲ့လေတော့သည်....

"အော်.. ဒင်းက ငါ့သားပန်းချီပစ္စည်းတွေကိုယူဆော့နေတာပေါ့လေ.....တော်တော်အငြိမ်မနေတဲ့ကောင်လေးပဲ"

မွေ့ယာလေးရဲ့ဘေး ကြမ်းခင်ပေါ်ဖြန့်ခင်းထားသော ပန်းချီစက္ကူဖြူလွလွလေးပေါ်တက်ထိုင်ကာ ....

ပန်းချီပစ္စည်းတွေနဲ့ ဟိုလျှောက်ခြစ်လိုက် ဒီလျှောက်ခြစ်
လိုက် ဇိမ်ပြေနပြေထိုင်ခြစ်နေသည့် သတ္တဝါလေးအား

သူမ မျက်စောင်းထိုးကြည့်ရင်း ထိုကဲ့သို့ တီးတိုးရေရွတ်လျက်....အခန်းထဲဝင်လာခဲ့လေသည်...

သူ့ကိုမြင်တော့ မျက်လုံးတစ်ချက်သာလှန်ကြည့်ပြီး ပန်းချီဆေးတွေကိုသာ သည်းကြီးမည်းကြီး ခြယ်နေသူ သတ္တဝါလေး...

(ဟက်...အကြောတင်းတယ်ပေါ့လေ...အေး ငါ့အကြောင်းသိစေရမယ်)
"အဲ့တာဘာလုပ်နေတာလဲ..... ငါ့သားပစ္စည်းတွေကို သူ့ခွင့်ပြုချက်မရပဲ ယူမကိုင်နဲ့ သူမကြိုက်ဘူး"

ပြောလဲပြော သတ္တဝါလေး တက်ထိုင်ထားသည့် ပန်းချီစာရွက်အား ဖျက်ကနဲ ဆွဲယူလိုက်လေတော့...

လူကြီးအားနဲ့မို့ တစ်ပေအရွယ်သာရှိသေးတဲ့ ထိုကောင်လေး....

ပန်းချီစာရွက်ပေါ်ကနေတစ်ဆင့် ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကွေး လိမ့်ဆင်းသွားလေတော့သည်....

"မှတ်ပြီလား...သူများပစ္စည်းကို စည်းမရှိ ကမ်းမရှိ ယူကိုင်ချင်အုံး"

သူမ မေးငေါ့ကာ..အဲ့ဒီလို ခနဲ့တဲ့တဲ့ ပြောလိုက်လေတော့...

မျက်နှာရှစ်ခေါက်ချိုးနဲ့ ဒေါသတကြီး သူမ မျက်နှာအား မော့ကြည့်လာသူ ထိုသတ္တဝါလေး....

"အောင်မာ....နင်လို မလောက်လေး မလောက်စားကောင်ကများ ငါ့ကိုဘယ်လိုမျက်နှာပေးနဲ့ လာစိုက်ကြည့်နေတာလဲ...ဟမ်
ငါ့ကိုဘာကောင်မ မှတ်နေလဲ လာခဲ့ လာခဲ့စမ်း.."

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now