Ep.1(U)

36.7K 724 6
                                    

[Unicode]

HKကိုယ်ပိုင်အထက်ကျောင်းသည် ရန်ကုန်မြို့ရဲ့ နာမည်ကြီးကိုယ်ပိုင်အထက်ကျောင်းများထဲမှ နာမည်ကြီးသောကျောင်းတစ်ကျောင်းဖြစ်၏။ ထိုကိုယ်ပိုင်အထက်တန်းကျောင်းမှ အောင်မြင်တဲ့ကျောင်းသူကျောင်းသားများသည် ပြည်ပကမည်သည်ကျောင်းတိုင်းမဆိုတက်ရောက်ခွင့်ရှိသလို ထိုကျောင်းမှာအောင်မြင်တဲ့ မည်သည့်ကျောင်းသားတိုင်မဆို နိုင်ငံခြားမှာ ကျောင်းတက်ပိုင်ခွင့်ရှိသည်။

HKကိုယ်ပိုင်အထက်တန်းကျောင်းသည် နာမည်ကြီးသလို စည်းကမ်းလဲတင်းကြပ်သောကျောင်းတစ်ကျောင်းဖြစ်သည်။ ထိုကျောင်းတွင်သာမာန်လူတန်းစားများတက်ရောက်ခွင့်မရှိ။ တကယ့်ကိုလူချမ်းသာများ၏ သားသမီးများသာတက်ရောက်ခွင့်ရှိသော လူထုခွဲခြားချင်းရှိသောကျောင်းလို့ဆိုရမည်။ ကျောင်း၏တစ်နှစ်ကုန်ကျစားရိတ်ဟာ သိန်းရာနဲ့ချီကုန်ကျတာမို့ သာမာန်မိသားစုကမထားနိုင်သော အနေအထားဖြစ်သည်။

HKကိုယ်ပိုင်အထက်တန်းကျောင်းဟာ လူချမ်းသာအသိုင်းအဝိုင်းမှာတော့နာမည်ကြီးလျှက်ရှိသည်။ HKကိုယ်ပိုင်အထက်တန်းကျောင်းသည် နေ့လည်စာအတွက်ကိုလဲ ဟိုတယ်မှာစားသောက်သလိုပင် ပြည့်စုံလှသည်။ ထို့ကြောင့်လဲချမ်းသာတဲ့မိသားစုမှ မွေးဖွားလာတဲ့သူများသာ တက်ရောက်နိုင်သောကျောင်းဖြစ်တာမဟုတ်လား။

ထိုနာမည်ကြီးHKကိုယ်ပိုင်အထက်တန်းကျောင်းသားများထဲတွင် ထာဝရဆိုတဲ့မြန်မာပြည်ကအချမ်းသားဆုံးထဲကတစ်ယောက်ဖြစ်သည့် THM Companyသူဋ္ဌေးကြီး ဦးသက်နှင်း၏သားလဲပါဝင်သည်။

မြန်မာနိုင်ငံရဲ့ အချမ်းသားဆုံးသော လုပ်ငန်းရှင်ခြောက်ဦးရဲ့ သားများလဲ ထိုကျောင်းမှာတက်ရောက်လို့နေသည်။ သူတို့ခြောက်ယောက်က တစ်နှစ်ထဲကျောင်းအတူတက်ကြသလို အခင်ဆုံးသူငယ်ချင်းများလဲဖြစ်ကြသည်။

အိမ်စီးကားနက်ပြာရောင်လေးသည် HKကိုယ်ပိုင်အထက်တန်းကျောင်းထဲသို့ ဖြေးညှင်းစွာမောင်းနှင်းဝင်ရောက်လာသလို ထိုကားနက်ပြာရောင်ကားနောက်မှာလဲ အရောင်စုံမော်ဒယ်မြင့်ကားများကလဲ သူနဲ့အတူကျောင်းဝင်းထဲသို့ အသီးသီး မောင်းနှင်ဝင်ရောက်လာကြသည်။

Abstarct Of Love (Z&U)Tempat cerita menjadi hidup. Temukan sekarang