15(U)

3.2K 184 11
                                    

ဒီဇင်ဘာကျောင်းပိတ်ရက်များကို ကျော်လွန်ကာ ကျောင်းဖွင့်ရက်ဆီကို ရောက်လို့လာခဲ့သည်။ ကျောင်းပိတ်ရက်အတွင်း အထာအိမ်မှာနေရတာ ပျင်းလာသည်။ ပျင်းတာထက်ပိုကာ အထာစိတ်ညစ်လာမိသည်။ အိမ်တွင် ဖေဖေနဲ့မေမေတို့နှစ်ဦးသား မျက်နာချင်းဆိုင်လျှင် ရန်ဖြစ်ကြစမြဲ။ ရန်မဖြစ်တဲ့ ညတွေဟာမရှိသလောက် ရှားလာသည်။

သူငယ်ချင်းများနဲ့လဲမတွေ့ဖြစ်တာ တပတ်လောက်ရှိတော့မည်။ ခရီးကနေပြန်လာပြီး သုံးရက်လောက်နေတော့ အထာအိမ်ကို အကုန်ရောက်လာပြီးနောက်ပိုင်းတွင် ဖန်လဲရောက်မလာခဲ့ပါ။

သို့သော်ဒီရက်တွေအတွင်း ညဘက်ရောက်လျှင် ခေါင်းစွတ်အနွေးထည်ပါးပါးနဲ့ လူတစ်ယောက် ခြံရှေ့မှာရပ်ကာ အထာ့အခန်းကိုကြည့်နေတာကို အမှတ်မထင်ပဲ တွေ့လိုက်ရသည်။

ထိုရက်က....

အထာညဖက်အိပ်မပျော်တာကြောင့် ဇာတ်ကားကြည့်နေခဲ့သည်။ အချိန်အားဖြင့် ညဆယ်နာရီလောက်ကပေါ့။ အထာဇာတ်ကားတစ်ကားပြီးတော့ မအိပ်ချင်သေးတာနဲ့ အခန်းရှေ့က လသာဆောင်ကိုထွက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို ခြံရှေ့ရဲ့ အပင်တွေနဲ မှောင်ရိပ်သမ်းနေတဲ့ နေရာကို အထာမျက်လုံးတို့အကြည့်ရောက်သွားချိန်တွင် အရိပ်တစ်ခု လှုပ်ရှားသွားတာကို အထာရိပ်ခနဲမြင်လိုက်ရသည်။
ထိုအချိန်ကတော့ မျက်လုံးပဲအမြင်မှားတာလိုလို လေတိုက်လို့ အပင်ရိပ်လိုပဲ အထာထင်ထားမိသည်။

နောက်ရက်တွေကျ အထာသတိထားကာ အခန်းကိုမီးမှိတ်ကာ အခန်းရဲ့ လိုက်ကာစကနေ ချောင်းကြည့်တော့ မျက်နာမပေါ် ခေါင်းစွတ်ကာ အထာအခန်းရှိရာကို လှမ်းကြည့်နေတာကို တွေ့ရသည်။

ဘာ ဘာလဲ။ ဒီလူဟာ ဘယ်သူလဲ။ ဖန်ဆိုရင် သူ့ကိုဖုန်းဆက်မှာတော့အမှန်ပင်။ ဖန်ဆိုရအောင်လဲ ဖန်နဲ့က ၉နာရီလောက်ကမှ ဖုန်းပြောခဲ့တာလေ။ ဒါဆိုဒီလူဟာ ဘယ်သူလဲ။

အထာလန့်ကာ ရင်တွေတဒိတ်ဒိတ်နဲ့ခုန်ကာ လက်ဖျားများပင် အေးစက်လို့နေသည်။ ကြောက်လွန်းလို့ အထာဒူးများပင် မခိုင်ချင်တော့။

ခုံပေါ်တင်ထားတဲ့ အထာရဲ့ဖုန်းသံလေးမြည်လာတာကြောင့် အရင်ရက်ကတွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ဟာ လေလိုအလျင်ပျောက်ကွယ်လို့သွားသည်။

Abstarct Of Love (Z&U)Where stories live. Discover now