Ep.36 (U)

2.2K 98 9
                                    

" မင်း ဘာဆက်လုပ်မှာလဲ နေလင်းအောင်။"

နေလင်းအောင်အတွက် သူအချိန်ပေးထားတာ တပတ်တိတိရှိလို့နေပြီ။ အအခုသူတို့ရောက်နေတာက ဆူးလေးမှာရှိတဲ့ coffe shopတစ်ခုမှဖြစ်သည်။ တိတ်ဆိတ်၍စကားပြောရတာ အေးဆေးတာမို့ ဖန်ဆင်းဒီဆိုင်ကိုရွေးခဲ့ခြင်းးဖြစ်သည်။

" အင့်ဟင်။ ငါ ငါတွေးမိတာတစ်ခုရှိတယ်ဖန်ဆင်း။ သူ့အဖေလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ငါသူ့အပေါ်ကိုအပြစ်ပုံမချရက်ဘူး။ ငါသူ့ကိုအရမ်းချစ်နေပြီ။ မာန့်ကိုငါအရမ်းချစ်နေမိပြီ။"

" ဟား ဟား။ မင်းကသိပ်ဟာသပြောတက်တဲ့ကောင်ပဲ။ "

နေလင်းအောင်မျက်ဝန်းတွေညိုးကျသွားရသည်။ သူ့ရှေ့ကနေထိုင်နေတဲ့ ဖန်ဆင်းဟာသူ့ကိုလှောင်ပြောင်နေတဲ့စကားလုံးတွေနဲ့ စကားနာထိုးနေသည်။

" မင်းမေ့နေရင် ငါပြန်ပြောပြမယ်။ မင်းပြန်သတိရလာအောင်ပေါ့လေ။"

" ငါသိပါတယ်ကွာ။ ငါမာန့်ကိုချစ်ချင်ယောင် ဟန်ဆောင်ခဲ့တာမှန်တယ်။ ဒါပေမယ့်ငါတဖြည်းဖြည်းနဲ့မာန့်ကို မြတ်နိုးလာပြီးချစ်မိလာတယ်။ ထိုသို့ပဲ သူ့အဖေသာအပြစ်ရှိတဲ့လူတစ်ယောက်။ မာန်ကအပြစ်လုပ်ခဲ့တဲ့သူမဟုတ်ဘူးလို့ ငါတွေးမိလာတယ်။ ဒါ့ကြောင့်ငါဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီဖန်ဆင်း။ "

" အဲ့ဒါကဘာလဲနေလင်းအောင်။"

ခပ်တွေတွေနဲ့ သူ့မျက်နာကိုစိုက်ကြည့်ကာပြောလာတဲ့ နေလင်းအောင်စကားအချို့ကြောင့် ဖန်ဆင်းစိတ်ထဲမရိုးမယွဖြစ်ကာ မေးလိုက်မိသည်။

" ငါသတ်ရမယ်ဆိုရင်တောင် မာန်ဝေအဖေကိုပဲသတ်ရလိမ့်မယ်။ မာန်ဝေကိုတော့ မင်းလွတ်ပေးလိုက်ပါ။"

" ဟား ဟား ။ အချစ်ရူး!။ မင်းကအချစ်တစ်ခုကြောင့် မင်းမျက်လုံးတွေ စုံလုံးကမ်းနေပြီ။ သူ့အဖေကြောင့် မင်းတို့မိသားစု အားလုံးသေကုန်သွားပြီလေ။ မင်းအမေ၊ မင်းရဲ့အမဝမ်းကွဲ။ သူတို့တွေ ဘယ်လိုသေသွားခဲ့ရသလဲဆိုတာ မင်းမျက်လုံးနဲ့ မြင်တွေ့ခဲ့ရတာပဲလေ။ ရန်သူရဲ့သားကို မင်းကချစ်မိတာဆိုတော့ မင်းကအရှုံးသမားတစ်ယောက်ဖြစ်နေပြီ။ မင်းမိဘတွေအတွက် မင်းကလဲ့စားချေရမှာလေ။ မင်းအပြစ်ပေးရမှာလေ။ ဒါကိုမင်းက....."

Abstarct Of Love (Z&U)Where stories live. Discover now