ဒီလိုနဲ့ ကျွန်တော်တို့လေးယောက်လဲ ကျောင်းကို ပုံမှန်ပြန်တက်ခဲ့ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်။ အတန်းထဲသို့ဝင်လိုက်တာနဲ့ သူတို့နှစ်ယောက်ထိုင်နေကျဖြစ်တဲ့ ခုံလေးတွေကတော့ နေရာလွတ်။ သိပ်မကြာခင်မှာ စာမေးပွဲတွေဖြေရတော့မှာမို့ သူ့တို့ကျောင်းပြန်တက်ခြင်းဖြစ်ပါသည်။ ကျောင်းရောက်တော့လဲ နေရာတိုင်းမှာ သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်တို့က သူတို့မျက်လုံးထဲမှာ မြင်နေရသည်။ တစ်ယောက်နေနောက်တစ်ယောက်ကလဲ အသတ်ခံရတဲ့အပြင် လူသတ်သမားကိုလဲ အခုထိမမိသေးတာကြောင့် သူ့တို့အားလုံး ကျောင်းသာပြန်တက်နေကြသော်လည်း စိတ်မအေးကြပါ။ ဘယ်အချိန်သူတို့အလှည့် ရောက်လာမလဲဆိုတာကိုသာ စိုးရိမ်စိတ်နဲ့သာရှိနေကြသည်။ အရင်ကလိုကျောင်းကိုလာရသည်မှာ လွတ်လပ်မှု့မရှိ။ နေရာတိုင်းမှာ သူတို့ကိုစောင့်ကြည့်နေကြသည်။ မိသားစုရဲ့ချမ်းသာကြွယ်ဝမှု့တွေနဲ့ ကိုယ်ရံတော်အစောင့်အရှောက်တွေကအစပေါ။ ညဖက်ဆိုလဲ အပြင်မထွက်ရပေ။ အကြောင်းကာ လူသတ်သမားက ညဖက်တွေမှာလှုပ်ရှားတယ်ဆိုတဲ့ အချက်ကြောင့်ဖြစ်သည်။
သူတို့အားလုံးကျောင်းတက်ရသည်မှာမပျော်တော့ပါ။ သို့ပေမယ့် အတန်းတင်စာမေးပွဲကဖြေရတော့မှာမို့ ကျောင်းပြန်တက်နေကြခြင်းဖြစ်သည်။ စာမေးပွဲဖြေရန်၂လသာကျန်ရှိတော့သည်။
" အင့် "
"ခလွမ်း..."
" ချွင်"
လူတစ်ယောက်နဲ့တိုက်မိသံ။ ပန်းကန်ကျကွဲသံနဲ့အတူ ဇွန်းသံတွေပါတပြိုင်ထဲပေါ်ထွက်လာသည်။ အသံကြောင့်ထမင်းစားနေကြတဲ့ ကျောင်းသားအားလုံးရဲ့ အကြည့်တွေဟာ အသံလာရာဆီမှာပင်။
" ဟို တောင်း...တောင်းပန်ပါတယ်ရှင်။ ကျွန်မမမြင်မိလိုက်တာကြောင့်ပါ။"
ကောင်မလေးးတစ်ယောက်၏တောင်းပန်သံ။ အဖျားခတ်တုန်ခါနေတဲ့အသံက သူမအရမ်းကြောက်နေပုံရသည်။
အထာထမင်းပန်းကန်ကိုယူကာ သူတို့အဖွဲ့ရှိရာ စားပွဲဝိုင်းကိုသွားရန်အလှည့် ကောင်မလေးတသ်ယောက်နဲ့ အမှတ်မထင်တိုက်မိသွားခြင်းဖြစ်သည်။ သူကအလှည့်ကောင်မလေးက အသွား မထင်မှတ်ပဲသူကတိုက်မိသွားတာဖြစ်သည်။ ဒါကိုကောင်မလေးက ကြောက်လန့်တကြားတောင်းပန်နေသည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...