Ep.38 (Z)

924 29 1
                                    

" ဒယ်ဒီ"

တွန့်ဆုတ်စွာနဲ့ ကြောက်ရဲရဲခေါ်လာတဲ့ သားဖြစ်သူကိုကြည့်ကာ ဦးသက်ဝေတစ်ယောက် ရယ်ချင်မိသွားသည်။ သူ၏သားဟာ ဘယ်တုန်းကမှ အခုလိုကြောက်ရွံ့နေခြင်းမျိုးမရှိခဲ့ဖူးပါ။ အခုတော့ သားကိုစကားပြောရမှာကို ကြောက်ရွံ့နေသလား။ သူ့ကိုပဲကြောက်က်ရွံ့နေတာလားမပြောတက်တော့။

" ဒယ်ဒီကို ပြောစရာရှိလို့လားသား။ ဒါမှမဟုတ် သားမုန့်ဖိုးကုန်သွားလို့လား။"

" သားမေးစရာရှိလို့ပါဒယ်ဒီ။"

သားကမေးစရာရှိလို့၊ ဒါမှမဟုတ်ပြောစရာရှိလို့သာ သူ့ကိုခေါ်တာမဟုတ်လား။ သားကမုန့်ဖိုးလိုရအောင် သားကကိုယ်ပိုင်စီးပွားရေးတွေတောင်လှုပ်ကိုင်နေတာကို ဒီအချက်ကိုသူမေ့ထားမိတာ။ သားကအရင်လိုကျောင်းသားအရွယ်လေး သူ့ဆီလက်ဖြန့်ကာ မုန့်ဖိုးတောင်းတဲ့ကောင်လေးမှမဟုတ်တော့တာ။

" ဟုတ်သားပဲ။ ဒယ်ဒီကသားကို အရင်လိုကလေးလေးထင်နေတာ။ အခုငါ့သားက စီးပွားရေးလှုပ်ငန်းတွေကိုတောင် ဦးစီးနေပြီဥစ္စာ ။"

သက်ဝေတစ်ယောက် မိမိ၏သားကိုကလေးတစ်ဦးသဖွယ်ထက်မှတ်နေမိတုန်းပင်။ အခုတော့သားကအရွယ်ရောက်လို့လာပြီ။

" အင်း သားကဘာသိချင်တာလဲ။"

သားအဖနှစ်ယောက် အိမ်၏ဧည့်ခန်းထဲမှာထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။ သားကသူ့မျက်နာကို မဝံ့မရဲကြည့်နေတာက သားကသူ့ကိုဘယ်လိုမေးခွန်းတွေများမေးမှာမလို့လဲ။

" ဒယ်ဒီအရင်က ဓားပြတစ်ဦးဆို။.ဒီရက်တွေမှာဒယ်ဒီဆီကို စာတွေခနခနရောက်နေတယ်မလား။"

" အင်"

ဦးသက်ဝေသားအမေးကြောင့် အံသြကာမျက်နာပျက်ယွင်းသွားရသည်။ သူ၏ပျက်ယွင်းနေတဲ့မျက်နာကို ချက်ချင်းပြင်ကာ သားကိုအပြုံးနဲ့ကြည့်လိုက်သည်။ သားကသူ့ကိုထူးဆန်းသလို မျက်ဝန်းတွေနဲ့ကြည့်နေတာကို သူမြင်ရသည်။

" သားကို ဘယ်သူကပြောလိုက်ပြန်တာလဲ။ ဖေဖေက မျိုးရိုးစဉ်ဆက်ချမ်းသာလာတာပါကွ။"

Abstarct Of Love (Z&U)Where stories live. Discover now