ပထမဆုံး ခန့်ဒီကစာဖတ်သူလေးတွေကို ကျေးဇူးတင်ပါရစေနော်။ Abstract Of Loveဆိုတဲ့ ficလေးစတင်ထဲက ခုချိန်ထိလိုက်ပါပြီး ဖတ်ရှု့ပေးတဲ့ကလေးတွေကော vote mentတွေပေးပြီး အားပေးခဲ့တာတွေကြောင့် ဒီဇာတ်လမ်းလေးကို အဆုံးထိ အပြီးသတိနိုင်ခဲ့ပါတယ်။
ဒီAolလေးကို july 25ညက စဥ်းစားပြီး ဇာတ်လမ်းချခဲ့တယ်။ July မှာစတင်ဖြစ်ခဲ့တယ်ပေါ့နော်။ ခန့်စပြီးစဥ်းစားတုန်းက အပိုင်း၂၀လောက်ပဲရေးမယ်လို့တွေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ခန့်ကအပိုင်းအရှည်ရေးလာရင် တဝက်ကျပြင်းလာတာကြောင့်ပါ။ မထင်မှတ်ပဲရေးပြီးတင်ခဲ့တော့ အပိုင်းကရှည်သွားခဲ့ပါတယ်။ တွေးတာကအပိုင်း20၊ လက်တွေ့ချရေးတော့ အပိုင်းက45ပိုင်းဖြစ်သွားခဲ့ပါတယ်။
ဒီနေ့ December 24ရက်နေ့မှာဇာတ်သိမ်းခဲ့ပါပြီ။ အားလုံးကြာမြင့်ချိန်ဟာ 5လကေျာ်ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီကြားထဲ ကိုယ်နဲ့အတူလိုက်ပါလာပေးတဲ့ကလေးတွေကိုလဲ ကျေးဇူးတင်မိပါတယ်။ တစ်ပိုင်းတင်ပြီးတိုင် ငါရေးတာအဆင်မှပြေရဲ့လားဆျုပြီး ကလေးတွေကိုမေးရတာအမော။ သူတို့လေးတွေဆီက မန့်လေးတွေရရင် ရင်ခုန်ရတာအရမ်းပါပဲ။အဲ့ဒီမှာ ခန့်အတွက် ဘာကပြဿနာလဲဆိုရင်တော့ 18+တေွရေးရတဲ့အခါပေါ့။ ဒီဇာတ်လမ်းကိုစတွေးတုန်းက လူသတ်မယ် ၊ ကလဲ့စားချေမယ့် ပုံစံလေးပေါ့လေ။ ဒါမယ့်ခန့်ရေးတဲ့ စာကို အပြာစာပေလို့ သတ်မှတ်ခံရမှာကို အကြောက်ဆုံးပါ။ ဒါကြောင့်လဲ ထည့်သင်တဲ့နေရာ၊ အခန်းမှသာ ထည့်ရေးခဲ့တယ်။ တက်နိုင်သလောက်နည်းအောင်ရေးခဲ့ပါတယ်။ ဒါကိုစိုးရိမ်တာကြောင့် အချို့စီနီယာ အာသာတွေကိုပြောပြကြည့်ခဲ့တယ်။ သူငယ်ချင်းတွေကိုကောပေါ့။ ဒီလောက်ကတော့အဆင်ပြေတယ်ဘာရယ်ကြောင့် ကိုယ်အားတင်းပြီးရေးခဲ့ပါတယ်။
စာရေးတိုင်း ခန့်ခံစားမိတာကတော့ ငါဒီficကို unပစ်ရမလား။ ဇာတ်လမ်းပြန်ပြင်ရမလားဆိုတာက ခန့်စိတ်ကို ဒွိဟဖြစ်စေတာ ခနခနပါပဲ။ အချို့စာဖတ်သူလေးတွေက အဆင်ပြေတာမို့ ဆက်ရေးပါမunပါနဲ့ဆိုပြီး ခန့်ဆက်ရေးခဲ့ပါတယ်။အဲ့ဒီမှာ ဇာတ်လမ်းလေးဆန်းချင်တာရယ် ကိုယ့်အတွက်အသစ်ဖန်တီးချင်တာရယ်ကြောင့် အမွှာပုံစံလေးတွေးဖြစ်ခဲ့တယ်။ အမွှာဖြစ်တဲ့အတွက် ဇာတ်လမ်းကို ဘယ်လိုဆက်ရေးရမလဲတွေးတဲ့အခါ အရမ်းမခက်ခဲပေမယ့် အမွှာတစ်ယောက်ကို စိတ္တဇဖြစ်နေတဲ့ပုံလေးရေးဖြစ်ခဲ့တယ်။ အမွှာထဲက ဘယ်သူရယ် ဘယ်ဝါရယ်လို့မပြောပဲမြှုပ်ကွက်ကလေးထားခဲ့တယ်ပေါ့နော်။ ထာဝရ(အထာ)ဆိုတဲ့ ကောင်လေးရယ် ဖန်တီးနဲ့ဖန်ဆင်းဆိုတဲ့ အမွှာရဲ့ကြားက ချစ်ခြင်းကိုရေးတော့ ကိုယ်သိပ်ပုံမဖော်နိုင်ခဲ့ဘူးလို့ထင်မိပါတယ်။ အချို့စာဖတ်သူလေးတွေက ဖန်တီးနဲ့ဖန်ဆင်းအကြားက နားလည်မှု့အချို့လေးလွဲနေတာပေါ့လေ။ ဒါကတော့ အထာနဲ့ sexဖြစ်ခဲ့တဲ့သူပေါ့။ သူကဖန်တီးလား ဖန်ဆင်းလားဆိုတာကိုပါ။ အထာက ဘယ်သူနဲ့ သူအချစ်တွေကို ထုတ်ပြခဲ့တယ်ဆိုတာကို ပြောထားပါတယ်နော်။ ဒါဆိုဘယ်သူနဲ့ sexဖြစ်ခဲ့လဲဆိုတာကို နားလည်ကြမှာပါ။ နောက်တစ်ခုက အထာက ဖန်တီးကောဖန်ဆင်းနဲ့ပါ ကော်ဖီဆိုင်မှာစကားပြောတဲ့အခန်းပါ။.ဘာလို့ ဖန်တီးရှိနေတာကို ဖန်ဆင်းနဲ့သာပြောနေရတာလဲဆိုတာပါ။ ဖန်တီးကတမင်ရှောင်ပေးခဲ့တာပါ။ ဖန်ဆင်းကလဲ အထာကိုချသ်နေတယ်ဆိုတာကိုသိတာကြောင့် အထာရဲ့စိတ်ကိုသိတာကြောင့် သူထွက်သွားခဲ့တာပါ။ တချို့သော အကြောင်းအရာတွေက နားမလည်တာမျိုး၊ ဖတ်ရတာအဆင်မပြေတာမျိုး။ နောက်ဇာတ်လမ်းမချိတ်ဆက်မိတာတွေဖြစ်ခဲ့ရင်
ကျွန်တော်အရေးအသားညံ့ဖျင်းမှု့ကြောင့်ပါနော်။အားလုံးကနားလည်ပေးပါလို့တောင်းဆိုပါရစေ။
@Chu Thinzar Phyoဆိုတဲ့ညီမလေးကိုလဲ ကျေးဇူးတင်ပါတယ်နော်။.သူမလေးရဲ့ review ကြောင့်သာ ခန့်လူသိများလာပြီး ဖတ်တဲ့သူလေးများလာတာပါ။ followerတွေတက်လာလို့ပျော်ခဲ့ရတဲ့အချိန်ပါ။ Followပေးတဲ့ကလေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်
Wpကလေ ချို့ယွင့်ချက်ကြောင့်rpပြန်မရတာကိုလဲ စိတ်မဆိုးကြပါနဲ့လို့ မန့်ထားတဲ့စာလေးတွေကိုဖတ်ပါတယ်နော်။
အားလုံးကိုချစ်ပါတယ်။
Khant💜💜💜💜
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...