ဦးမိုးမြင့်၏ ဒေါသနဲ့နံရံကို ပစ်ပေါက်ကွဲသံကြောင့် ဇနီးသည်သည် အိပ်ခန်းထဲကနေ အလန့်တကြားထွက်လာခဲ့သည်။
" ကိုမိုး ဘာဖြစ်တာလဲတော်။ကျွန်မအလန့်တကြားရှိလိုက်တာ။"
ရင်ဘတ်ကလေးဖိကာ အိမ်အပေါ်ထပ်ကနေဆင်းလာရင်း ဧည့်ခန်းမှာထိုင်ကာ အရက်သောက်နေရှာတဲ့ လင်ယောကျ်ားကိုလှမ်းမေးလိုက်ခြင်းဖြစ်သည်။
" ဘာမှမဖြစ်ပါဘူးမိန်းမရာ။ ငါနည်းနည်းဒေါသထွက်သွားလို့ပါ။ မင်းကောထမင်းစားပြီးပြီလား။ ဆေးကောသောက်ရမှာမဟုတ်လား။"
ဦးမိုးမြင့်ဇနီးသည်၏ ကျန်းမာရေးအခြေအနေက အခုမှကောင်းကာစရယ်ရှိသေးတာမို့ စိတ်ပူစွာမေးလိုက်ခြင်းဖြစ်သည်။ တစ်ဦးတည်းသောသား၏ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရချိန် နဂိုနှလုံးရောဂါအခံရှိတဲ့ သူမတစ်ယောက် နှလုံးရှော့ဖြစ်ကာ အိပ်ယာထဲဘုန်းဘုန်းလဲနေခဲ့ခြင်းဖြစ်သည်။
" စားပြီးပါပြီကိုမိုးရယ် ဆေးလဲသောက်ပြီးပြီ။ အပေါ်ထပ်ကနေဆူညံသံတွေကြားလို့ ကျွန်မအောက်ဆင်းလာခဲ့တာ။"
" အေးပါကွာ ငါလဲနည်းနည်းစိတ်လွတ်သွားလို့ပါ။ သွားအိပ်ချေ။ မင်းကျန်းမာရေးက အခုမှပြန်ကောင်းလာကာစရှိသေးတယ်မဟုတ်လား။"
သား၏ရက်လည်ပြီးတာပင် သိပ်မကြာသေး။ ဇနီးသည်က အိမ်အကူကောင်မလေးတွေနဲ့သာ နေရပြီး သူကတော့ကုမ္ပဏီကိုလဲသွားရသည်။ အရင်ကလို ညနက်မှအိမ်ကိုပြန်မလာ။ အရင်ကထက်စောက အိမ်ကိုပြန်လာတက်သည်။
ဦးမိုးမြင့်ချစ်ရတဲ့သားတစ်ယောက်လုံးလဲ ဆုံးရှုံးခဲ့ရပြီးပြီမို့ သူရဲ့ချစ်ဇနီးကိုတော့ ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ပါ။
" ကိုမိုးအခုတလော အစာမစားပဲ အရက်တွေကြည့်ပဲ သောက်နေတာကို ကျွန်မတွေ့နေရတယ်နော်။"
ဒေါ်ခင်လွန်းတစ်ယောက် အစေခံကောင်မလေးက ပြန်ပြောတာကိုကြားရခြင်းဖြစ်သည်။ သူမမျက်လုံးနဲ့ မြင်တွေ့ခဲ့ရတာတော့မဟုတ်ပါ။ သို့ပေမယ့်လင်ယောကျ်ားကို သူမမျက်လုံးနဲ့ တွေ့မြင်ခဲ့တဲ့အတိုင်း ပြောလိုက်သည်။

YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...