Ep.9(U)

5.1K 222 5
                                    

#Unicode

အထာအခန်းတံခါးပိတ်ကာ အိပ်ယာပေါ်သို့ ပစ်လှဲလိုက်သည်။ ညနေ၆နာရီလောက်ကနေ အပြင်ကိုသွားတာ ည၉နာရီမှအိမ်ပြန်ရောက်တာမို့ ပင်ပန်းလို့နေသည်။ အထာမျက်လုံးမှိတ်ထားရာမှ ဖန့်ကိုသတိရတာကြောင့် ဖုန်းကိုယူလိုက်ကာ ဖန့်ဆီဖုန်းခေါ်ရသည်။ JSမှာတွေ့ခဲ့တာ ဖန်မှဖန်ဆိုတာအထာသိသည်။ ဖန် ဟုတ်မဟုတ်ဆိုတာကို အထာသေချာချင်တာကြောင့် ဖန့်ကိုဖုန်းခေါ်လိုက်သည်။

"အွန်း အထာအိမ်ပြန်ရောက်ပြီလား။"

" အခုပဲ ဖန့်ကိုဖုန်းဆက်တာ။ ဒါနဲ့ညနေ၇နာရီလောက်က ဖန်JSကိုလာသေးလား။"

" ကိုယ်ဖျားနေတယ်လို့ အထာ့ကိုပြောတယ်လေ။ ကိုယ်ကဘယ်ကနေ ဘယ်လိုJSကိုလာရမလဲကွာ။ အထာအမြင်မှားတာကော မဟုတ်ဘူးလား။"

" အင်း အထာအမြင်မှာတာလားဆိုတာ ဖန့်ကိုသေချာအောင် ဖုန်းဆက်မေးတာ။ အခုကော သက်သာရဲ့လားဖန်။"

" သက်သာပါတယ်။ "

" အဲ့ဒါဆို ဒါပဲနော်ဖန်။ ငါရေချိုးလိုက်အုံးမယ်။"

" ဟုတ်ပါပြီ ချစ်တယ်နော်အထာ။ မွ မွ"

" အင်း ချစ်တယ်ဖန် kiss kiss"

အထာအမြင်မှားတယ်ဆိုတာကို လက်ခံလိုက်ရသည်။ ဖန်ကသူ့ကိုညာမယ့်သူမျိုးမဟုတ်ဘူးဆိုတာသိနေတာကြောင့်ပင်။ အထာကိုယ်ပေါ်က အဝတ်အစားးများကို ချွတ်ချကာ ရေချိုးခန်းထဲသို့ ဝင်ကာရေချိုးတော့သည်။

" ဒီမှာငါ့သား မင်းအခုတလော အပြင်ထွက်တာတွေ လျှောက်လည်တာတွေကိုလျော့စမ်း။ "

" ဘာလို့လဲဖေဖေရ။ ကျွန်တော်အရင်လဲ ဒီလိုပဲသွားလာနေကျကို။ အခုမှဖေဖေက ပြောရတာလဲ။"

နေလင်းအောင် ဆိုဖာကိုကျောမှီကာ ဖခင်ဖြစ်သူစကားကို နားမလည်ဟန်ြနဲ့ပြန်မေးလိုက်တာဖြစ်သည်။ ဖေဖေတစ်ခုခုထူးဆန်းလို့နေသည်။ ထိုထူးဆန်းမှု့က မိုးမြင့်ဟိန်းသေပြီးတဲ့ နောက်ပိုင်းကစတာလို့ပြောလို့ရသည်။

" ဘာမှမဟုတ်ပါဘူး ဖေဖေကသားကိုစိုးရိမ်လို့ပြောတာပါ။"

" ဖေဖေကလဲ အာရုံလာစားနေတယ်။"

Abstarct Of Love (Z&U)Where stories live. Discover now