အိမ်ပြန်ရောက်တဲ့အထိ နေလင်းအောင်ရဲ့စကားတို့ကြောင့် ဖန်ဆင်းတစ်ယောက်စိတ်တိုနေမိသည်။ ထိုစိတ်တိုမှု့ကနေ ဒေါသအဖြစ်သို့အရောင်ပြောင်းသွားရသည်။
" မင်းဘာဖြစ်နေတာလဲ။"
ဖန်ဆင်းအခန်းထဲရောက်သည်အထိ ဒေါသတို့ကမပြေ။ ပုခုံးပေါ်ကျရောက်လာတဲ့ လက်တစ်ဖက်ကြောင့် ဒေါသကပိုထွက်လာမိသည်။ ဖန်ဆင်းမော့ကြည့်လိုက်တော့ ဖန်တီးကသူ့ပုခုံးကို လာရောက်ပုတ်ပါ စကားပြောခြင်းဖြစ်သည်။
ဖန်ဆင်းဒေါသကိုမြိုချကာ ဖန်တီးကိုပြောလိုက်သည်။" ဘာမှမဖြစ်ဘူး ဒီအတိုင်းစိတ်တိုစရာရှိနေလို့။"
" အင်း မင်းမှာစိတ်ညစ်စရာတစ်ခုခုရှိနေရင် ငါ့ကိုပြောလေ။ ငါနားထောင်ပေးမယ်။"
" ဘာမှမဖြစ်ဘူးလို့ မင်းကိုငါပြောနေတ်ာလေ။ ငါတစ်ယောက်ထဲနေပါရစေဖန်တီး။ မင်းငါ့အခန်းထဲကနေ ထွက်သွားပေးပါ။ ငါနားချင်နေပြီ။"
ဖန်ဆင်းစိတ်မရှည်စွာနဲ့ အော်ဟစ်လိုက်တော့ ဖနိတီးအံ့သြခြင်းနဲ့အတူ မယုံကြည်နိုင်စွာ မျက်ဝန်းလေးတွေက ပြူးကျယ်ဝိုင်းစက်သွားတာကို ဖန်ဆင်းတွေ့လိုက်ရသည်။ သူတကယ်စိတ်တိုနေတာမို့ ဖန်တီးကိုအော်လိုက်ခြင်းဖြစ်သည်။ ဖန်တီးအသံတိတ်ကာ အခန်းအပြင်သို့ပြန်ထွက်သွားသည်။ သူဖန်တီးကိုမအော်လိုက်သင့်ပါ။ သို့သော်နေလင်းအောင်ကို စိတ်တိုနေတာကြောင့် သူဘယ်လိုမှစိတ်ကထိန်းချုပ်မရတော့တာမို့သာ အော်လိုက်ရတာဖြစ်သည်။
ဖန်ဆင်းက သူ့ကိုအော်ဟစ်ကာအခန်းထဲကနေ ထွက်သွားခိုင်းတာကြောင့် ဖန်တီးအတော်လေးစိတ်မကောင်းဖြစ်မိပါသည်။ သို့သော်သူ၏အကိုမို့ဖန်တီး ဖန်ဆင်းကိုတော့စိတ်မဆိုးပါချေ။
*******
အထာတစ်ယောက် ဖန်နဲ့မတွေ့ဖြစ်တာကြာနေပြီမို့ ဆိုင်ကိုအကူတစ်ယောက်နဲ့လွဲထားကာ ဇန်အိမ်သို့ကားမောင်းထွက်လာသည်။ ဒီနေ့ကဖန်နားရက်မို့ ဖန်အိမ်မှာပဲရှိမယ်ထက်လို့ မှန်းဆကာလာခဲ့ခြင်းဖြစ်သည်။
အထာခြံရှေ့ရောက်တော့ ဘဲလ်တစ်ချက်တီးလိုက်သည်။ ခြံစောင့်ဦးလေးကြီးတစ်ယောက်ထွက်လာကာ "ဘယ်သူနဲ့တွေ့ချင်လဲ" ဟုမေးသည်။

YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...