တစ်စတစ်စပြန်လည်ကြီးထွားလာတဲ့အမှု့။ တိမ်းမြှုပ်ပျောက်ကွယ်သွားတဲ့အမှု့တွေကြောင့် ရဲတွေဖက်ကလဲ အပူတပြင်းနဲ့ လူသတ်သမားကိုရှာဖွေစုံစမ်းဖော်ထုတ်နေကြပြီ။
" ဖန်ဘယ်လိုလုပ်ကြမလဲ။ ငါတို့ကကော ဘယ်အချိန်အသတ်ခံရမလဲ။ ငါတွေးရင်းနဲ့ကြောက်နေပြီ။"
ခပ်ယဲ့ယဲ့ပြုံးလာတဲ့အပြုံးတစ်ခုမှာ အဖြေထုတ်ရန်ခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေခဲ့လိမ့်မယ်လို့ ထာဝရမတွေးမိခဲ့ပါ။ သူ့ရှေ့ကနေ အေးဆေးတည်ငြိမ်နေတဲ့ သူကိုအထာမယုံကြည်တဲ့ သံသယတွေက စတင်ပေါ်ပေါက်လို့လာပြီဖြစ်သည်။
သူ့မျက်နာကိုတစိမ့်စိမ့်ကြည့်ရင်း မျက်စိအောက်ကနေ လေလွင့်ပျောက်ကွယ်သွားတော့မယ့် တိမ်တွေလိုထင်နေပုံရသည်။
" ဘယ်အချိန်က သိနေခဲ့တာလဲ။"
အေးစက်စက်မေးခွန်းကြောင့် အထာကျောထဲစိမ့်ခနဲ့။
" မင်းအိမ်ကိုလာတုန်းက မထင်မှတ်ဘဲမြင်တွေ့ခဲ့တာ။"
" ဒါဆိုဘာလို့မသိချင်ယောင်ဆောင်ခဲ့တာလဲ။ "
* အဟက် လိမ်ခဲ့တဲ့သူက လိမ်ခဲ့ပြီး တရားခံလိုအစစ်ခံနေရတာ သူတဲ့လား။*
" ဖန်မင်းကငါ့ကိုသိုဝှက်ထားမယ်မထင်လို့ပေါ့။ ငါတို့ကငယ်ငယ်လေးထဲကနေတစ်ဆင့် အရွယ်ရောက်လာခဲ့တာ။ ငါ့အသက်ဆယ့်ခြောက်မပြည့်ခင်၊ မဟုတ်သေးဘူး အသက်ဆယ့်လေးနှစ်မပြည့်ခင်ထဲက မင်းကိုငါချစ်နေခဲ့ရသူမို့ မင်းကတော့ ငါ့ကိုအရာရာပွင့်လင်းစွာပြောပြခဲ့မယ်ထင်လို့။ မင်းအချစ်က ငါ့တစ်ယောက်ထဲ၊ ငါ့အချစ်ကမင်းတစ်ယောက်ထဲအတွက်လို့ ထင်မိခဲ့တာ။"
အနည်းငယ်တုန်ရီလာတဲ့ အသံတွေကြောင့် အထာကိုယ့်ကိုသတိထားမိလာသည်။ သူသတိထားမိချိန်မှာ ချစ်ရသူက သိသင့်သောအကြောင်းအရာ အချို့ကိုပြောမပြဘူးဆိုတဲ့ ခံစားချက်ကြောင့် နာကျင်ကြေကွဲကာ စိတ်ပျက်မှု့တို့ဖြစ်ပေါ်စေသည်။ ထိုနာကျင်မှု့၊ ဒေါသဖြစ်မှု့ကြောင့် ပါးပြင်ပေါ် စီးကျလာတဲ့မျက်ရည်များ။
" ကိုယ့်အကြောင်းကို နားထောင်မလားအထာ။ မင်းသိချင်တဲ့အကြောင်းအရာ တွေကောပေါ့ချစ်ငယ်။ "
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...