လှည်းတန်းစင်တာကိုနှစ်ဦးသားဝင်ကာ စက်လှေကားနဲ့ ဒုတိယအထပ်က seasonဆိုင်ကိုတက်လာခဲ့သည်။ Season ကကိတ်နဲ့ကော်ဖီသောက်ရန်တက်လာခဲ့သည်။ အထာက Season ကကိတ်စားရတာကို သဘောကျတာကြောင့် ဖန်တီး အထာကိုခေါ်လာခဲ့ခြင်းဖြစ်သည်။
" ဟွန်း ဆိုင်ကလဲ လူများလိုက်တာ။"
အထာက မျက်နာလေးစူပုတ်ကာ ဆိုင်ထဲက ခုံအလွတ်မရှိတာကြောင့် စိတ်ပျက်သံနဲ့ ငြီးလို့နေသည်။ အထာစကားအရ ဖန်တီးလဲဆိုင်ထဲကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်သည်။ အထာပြောသလိုပါပဲ ဆိုင်လဲမှာ လူပြည့်လို့နေသည်။
ထိုင်စရာခုံအလွတ်တွေမရှိသည့်တိုင်အောင် အထာတို့ရပ်နေမိဆဲ။
" အကိုတို့ ဘာများမှာယူမလဲမသိဘူးဗျ။"
သူတို့အရွယ်ထက် ငယ်ဟန်တူကောင်လေးတစ်ယောက်က မေးလာသည်။
" အင်း ကိုယ်တို့နှစ်ယောက်က ဒီမှာထိုင်ချင်တာ။"
" အာ... အားနာရပြီအကို။ ဆိုင်ကလူနည်းနည်းကျသွားတော့ ဝိုင်းအလွှတ်ကာ မရှိဘူးဖြစ်နေတယ်။"
" ကိုယ်တို့ အင်းယားကိုသွားကြမလား။ ဒီအချိန်ဆို နေလဲအေးနေပြီဆိုတော့ အေးဆေးပဲ။"
ဖန့်ရဲ့အကြံပေးချက်ကြောင့် အထာလဲခေါင်းညိတ်ကာ သဘောတူလိုက်သည်။
" ညီလေး အကိုတို့ကိုစတော်ဘယ်ရီကိတ်လေးနဲ့ ချောကလက်ကိတ်ရယ် ဘာဘယ်မစ်တီးနှစ်ဘူးပေးပါ။"
" ဟုတ်ကဲ့အကို ခနလောက်စောင့်ပေးပါနော်။"
သောကြာနေ့ရဲ့ ညနေခင်းမို့ ဆိုင်ထဲမှာ လူစည်နေတာမဆန်း။
ဖန်တီးတို့သိပ်ကြာကြာ မစောင့်လိုက်ရ။ ဝန်ထမ်းကောင်လေးက မုန့်ဘူးလေးတွေကိုကိုင်ကာ သူတို့ဆီလှမ်းလာသည်။
ဆိုင်ထဲကပြန်ထွက်လာပြီးချိန်တွင် အင်းယားကန်ဘောင်သို့ ထွက်လာခဲ့ကြသည်။ အင်းယားကန်နဲ့ အထာတို့အိမ်မှာ သိပ်မဝေးတာကြောင့် သူ့အတွက်လဲအဆင်ပြေသလို အထာ့အတွက်လဲအဆင်ပြေတယ်မဟုတ်လား။ အထာမိဘတွေက အထာကို အိမ်ပြန်နောက်ကျတာမကြိုက်တာမို့ အနီးဆုံးဖြစ်တဲ့ အင်းယားကန်ကိုသာ ဖန်တီးရွေးလိုက်ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/278816436-288-k921379.jpg)
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...