Ep.39 (U)

2K 92 0
                                    

" တောက် "

အခန်း၏တိတ်ဆိတ်မှု့ကိုစတင်ဖြိုခွဲလိုက်သူက ဦးသက်ဝေကိုယ်တိုင်ပင်။ မကျေနပ်သော၊ ခံပြင်းဒေါသထွက်ခြင်းတို့ကြောင့် သူ၏မျက်နာမှာနီးမြန်းကာ ဒေါသထွက်နေသည်မှာ သိသာလှသည်။

" မင်းတို့ကို ငါသေချာပြောတယ်လေ။ အခုတော့ငါ့ပစ္စည်းတွေ အကုန်ပါသွားပြီး။ အဲ့ဒီတော့မင်းတို့ဘယ်လိုလုပ်ပေးကြမလဲ။ ဒီတစ်ခါပါသွားတဲ့ ပစ္စည်းတွေကငါ့ရဲ့စည်းစိမ်တစ်ဝက်ဆိုတာမင်းတို့မသိဘူးလား။ မင်းတို့ပြောတော့ လမ်းကြောရှင်းတယ်ဆို။"

ဦးသက်ဝေသည် သူ၏ပစ္စည်းတွေပါတဲ့ တင့်ကား၃စီးကို ဒဂုံဆိပ်ကမ်းကနေ တစ်ဖက်နယ်စပ်သို့အပို့မှာ ဘယ်ကနေဘယ်လိုသတင်းရသွားလဲမသိတဲ့ အရာရှိတွေက ချက်ချင်းဆိုသလိုဝင်ရောက်စစ်ဆေးကာ အငိုက်ဖမ်းလိုက်တာကြောင့် သူ၏တပည့်များသည် လူတွေလွတ်အောင်ပြေးကာ တင့်ကား၃စီးကိုတော့ လူမပါဖမ်းဆီးမိသွား၏။

" ကျွန်တော်တို့လဲ ဆိုင်ရာပိုင်ရာတွေကို ငွေထည့်ပေးထားတာပဲဆရာကြီး။ သူတို့ကလဲသတင်းပေးမှု့ကြောင့် အထက်ကလူကချက်ချင်းကွင်းဆင်းခိုင်းတာကြောင့် ကျွန်တော်တို့ဖက်ကို သတင်းမပို့နိုင်ဖြစ်သွားတာတဲ့။"

" မင်းတို့အသုံးမကျလို့ ငါ့စည်းစိမ်တွေပါကုန်တာ။ မင်းတို့ကြောင့်...."

သက်ဝေတစ်ယောက်မိမိ၏စည်းစိမ်တစ်ဝက်စာ ပစ္စည်းတွေကိုရဲလက်ထဲရောက်သွားတာကြောင့် အလွန်အမင်းဒေါသထွက်ကာ မြင်မြင်သမျှအရာပေါ်ကို သူ၏စိတ်တိုမှု့တို့ အပြစ်ပုံချလိုက်သည်။
သူ၏ဒေါသပေါက်ကွဲမှု့ကြောင့် သူ၏တပည့်များသည် ခေါင်းများငုံ့ထားကျသည်။

မာန်ဝေတစ်ယောက်companyကနေ အိမ်ကိုပြန်အရောက် ဒယ်ဒီအခန်းထဲကနေ ဒေါသကြောင့်
ဆူညံသံတို့ကြား၍ အိမ်ထဲသို့ပြေးဝင်လာခဲ့သည်။ ဒယ်ဒီအခန်းရှေ့ရောက်တော့ သူချက်ချင်းမဝင်သေးပဲ အခန်းရှေ့မှာ ခနရပ်နေမိသည်။ အထဲကဘာသံမှမကြား တိတ်ဆိတ်နေတာကြောင့် မာန်ဝေအခန်းတံခါးကိုခေါက်ကာ ဒယ်ဒီဆီကိုဝင်ခွင့်တောင်းလိုက်သည်။

" ဒယ်ဒီသားဝင်ခဲ့လို့ရလား။"

ဒယ်ဒီ၏ခွင့်ပြုချက်ရတာနဲ့ မာန်ဝေအခန်းထဲသို့ဝင်လာခဲ့သည်။ သူဝင်လာတော့ ဒယ်ဒီ၏တပည့်များသည် အခန်းအပြင်သို့ထွက်သွားကြသည်။ သူတို့၏မျက်နာမှာ ဒယ်ဒီရဲ့ဆူပူကြိမ်းမောင်းမှု့ကြောင့် မျက်နာငယ်လေးတွေနဲ့ အခန်းအပြင်ထွက်သွားကြတာကို မာန်ဝေမြင်တွေ့လိုက်ရသည်။
ဒယ်ဒီစိတ်ဆိုးကာ ဒေါသထွက်နေသည်မှာ အခြားကြောင့်မဟုတ်နိုင်။ ဒယ်ဒီမှောင်ခိုလုပ်နေတဲ့ ဘိန်းတွေကိုရဲတွေကမိသွားတာကြောင့်ဖြစ်သည်။ သူဒယ်ဒီကိုပြောခဲ့တယ်မဟုတ်လား။ ဒီအလုပ်တွေကို မလုပ်တော့ပါနဲ့လို့။ ဒါပေမယ့်ဒယ်ဒီကသူ့စကားကိုနားမထောင်ပဲ ဒီတစ်ခါနောက်ဆုံးပါဟူသော ကတိပေးကာထိုအလုပ်ကိုဆက်လုပ်နေခြင်းဖြစ်သည်။ အခုတော့ ရဲကမိသွားတော့ ပစ္စည်းအားလုံးအကုန်ပါသွားကုန်သည်။

Abstarct Of Love (Z&U)Where stories live. Discover now