[Zawgyi]
Clubထဲတွင် ရောင်စုံမီးရောင်တလတ်လတ်နဲ့အတူ ဖွင့်ထားတဲ့ တီးလုံးများကလဲ မြိုင်ဆိုင်လို့နေသည်။ ကလပ်ထဲရောက်နေတဲ့သူများသည် ဖွင့်ထားတဲ့တီးလုံးနဲ့အတူ ကနေတဲ့သူတွေက ကနေပြီး၊ အချို့ကဘားမှာထိုင်ကာ အရက်၊ ဘီယာနဲ့ ဗော့ကာ။ မူးရစ်စေသောအရည်တို့သောက်ကာ ပျော်ရွှင်နေကြသည်။ သူတို့အဖွဲ့ကတော့ ဘီယာခွက်တွေနဲ့ ဘားကောင်တာမှာထိုင်နေကြသည်။
" ကောင်လေးတွေ ဒီညက ဒို့ရဲ့ညပဲ။ ဒို့ရဲ့ညကို ကြိုဆိုလိုက်ကြရအောင်။"
"ဟေး...."
သူတို့အားလုံရဲ့ အော်သံကကလပ်ထဲမှာ ဖွင့်ထားတဲ့ မြူးကြွသောသီချင်းသံကိုပင် ဖုံးလွှမ်းလို့သွားသည်။
အထာတို့တစ်ဖွဲ့လုံ ဘီယာခွက်တိုက်သံနဲ့အတူ "တစ်ချိုက်ထဲမော့" ဆိုတဲ့အသံနဲ့အတူ ခွက်ထဲကဘီယာတွေကို ကုန်စင်အောင်သက်ကာ မီးရောင်တစ်လက်လက်နဲ့ မြူးကြွသောသီချင်းတို့အနဲ့ ကနေကြသည်။
ဘဝအတွက်ပျော်ရွှင်စရာ အမှတ်တရတစ်ခုပင်။ အသက်ပြည့်ပြီဆိုတာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရသွားတဲ့ သူတို့အားလုံးမှာ အန္တရာယ်ဆိုတာမသိ။ ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာခြင်းကြောင့် အပူအပင်အခက်အခဲဆိုတာလဲမရှိခဲ့ပါ။
ထိုညကသူတို့အားလုံးမူးနေကြသည်။ ည၁၂ထိုးသွားတာတောင်မသိလောက်အောင် အပျော်လွန်လျှက်ပေါ့။
" အထာပြန်ကြရအောင်။ မင်းမိဘကစိတ်ပူနေလိမ့်မယ်။"
" အာ...မင်းကလဲ ဘဝမှာပထမဆုံးပျော်ရွှင်ရတဲ့ နေ့ရက်ကလေးကိုကွာ။ အိမ်ကိုခေါက်ထားလိုက်စမ်းပါ။"
အချို့သောသူတွေက မူးလာလျှင်အာလေလျှာလေးဖြစ်တက်ကြသည်။ သူချစ်သူအထာလေးကတော့ အာသွက်လျှာသွက်ကလေးပင်။ နဂိုထဲကမှ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးဟာ အခုမူးနေတော့ပိုပြီးတောင် ချစ်စရာကောင်းလာတယ်လို့ ဖန့်မျက်လုံးထဲမှာမြင်မိသည်။ ရီဝေဝေမျက်လုံးတွေနဲ့ ဂျစ်ကန်ကန်ပြောနေတဲ့ အထာ။ အထာ့နှုတ်ခမ်းနီရဲရဲလေးကို ဖိကပ်ပြီးနမ်းပစ်လိုက်ချင်သည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...