နေလင်းအောင်သူရှေ့က ဖုန်းလေးမြည်လာတာကြောင့် တစ်ချက်ကြည့်ကာစိတ်မသက်သာသလို စုပ်တစ်ချက်သတ်မိသည်။
" ဘယ်သူလဲမောင်။"
" အင်း ဟို ဘယ်သူမှမဟုတ်ပါဘူး သိပ်အရေးမကြီးတဲ့သူပါ။"
တစ်ဖက်အတိုင်းသားကြားနေရတဲ့စကားတွေကြောင့် မာန့ဝေရင်ဘတ်တစ်နေရာက ဆစ်ခနဲနာကျင်ရသည်။ အောင့်မျတ်သွားတဲ့ ရင်ဘတ်တစ်ျေရာကို လက်တစ်ဖက်နဲ့အသာဖိကိုင်ထားမိသည်။ သူ့ရဲ့ဖုန်းခေါ်ဆိုမှု့ကြောင့် နေလင်းအောင်ဘယ်လောက်အထိ စိတ်ရှုပ်သွားရသလဲဆိုတာ မြင်လိုက်ရချိန်တွင် မာန်ဝေတစ်ယောက်ဝမ်းနည်းစိတ်တို့က လှိုက်တက်လာတော့သည်။ တစ်ဖက်လူ၏စိတ်ကိုမသိအောင်အထိ သူခေါ်နေမိတာမို့ သူ့အမှားဆိုတာကိုသိရှိနားလည်လိုက်ရသည်။ ဝမ်းနည်းစိတ်ကြောင့် လက်တို့ကကိုင်ထားတဲ့ စာအုပ်ပင်လွတ်ကျသွားချင်သည်။ ဒီခံစားချက်မျိုးကို မာန်ဝေမကြိုက်ပါ။ တစ်ဖက်သတ်အချစ်ဆိုတာက တစ်ဖက်လူသိအောင် ထုတ်မပြောနိုင်ပဲ ငြိမ်နေခဲ့ရသည်။ သူငယ်ချင်းဆိုတဲ့ စည်းအောက်မှာ ကန့်သတ်ချက်တွေများလွန်းတဲ့အခါ သူ့အချစ်တွေကို ပြန်လည်ထိန်းသိမ်းထားရန်သာ ရှိတော့သည်။
" မောင်နဲ့ မောင့်သူငယ်ချင်းက ဘယ်လိုမျိုးလဲ။ ကျောင်းမှာတော့မောင်တို့သူငယ်ချင်းနှစ်ယောက် သတင်းဟာပျံ့နေတာပဲ။ အချို့ကဆိုရင် မောင်နဲ့မောင့်သူငယ်ချင်းတွေက ဘာတွေလို့တောင်ဆိုကြတယ်။"
" ဟား ဟား။ မောင်ကယောကျ်ားချင်းကြိုက်မယ်တဲ့လား roseရာ။ မောင့်မှာချစ်ရမယ့်သူ roseတစ်ယောက်လုံးရှိနေတာကို။"
နေလင်းအောင်၏စကားတွေက သူ့နှလုံးသားကို ချွန်ထက်တဲ့ဓားတစ်လက်နဲ့ အကြိမ်ကြိမ်ထိုးစိုက်နေသလို၊ သွေးစိမ်းရှင်ရှင်ထွက်ရသည်။ နာကျင်မှု့တို့ကို မြိုသိပ်ထားသော်လည်း ဝမ်းနည်းစိတ်တို့ကြောင့် ကိုယ်ကယောကျ်ားလေးတစ်ယောက်ဆိုတာကိုပင် မေ့သွားတဲ့အထိ ပါးပြင်ပေါ်ကိုစီးကျလာတဲ့ မျက်ရည်တွေကိုမသုတ်မိတဲ့အထိပင်။
" အင်း မောင်ကမဟုတ်ဘူးဆိုတော့လဲ roseကဘာပြောစရာရှိမှာလဲ။"
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...