Ep.40 (U)

2.5K 110 19
                                        

ဦးသက်ဝေအသက်ခံရခြင်းနဲ့အတူ သူ၏သားဖြစ်သူမာန်ဝေရဲ့သတင်းဟာလဲ ပျောက်ချင်းမလှပျောက်ကွယ်နေခဲ့သည်။ လမ်းဘေးတစ်နေရာမှာသေဆုံးနေတဲ့အလောင်းတစ်လောင်းကိုလဲ ထပ်မံတွေ့ရှိရသေးသည်။ ထိုအလောင်းဟာတော့ သေဆုံးသူမာန်ဝေလဲဖြစ်နိုင်တယ်လို့ ရဲတွေကပြောသည်။ ဘာကြောင့်ပြောနိုင်တာလဲဆိုတော့ မာန်ဝေမသေဆုံးခင်အချိန် ထိုညက မာန်ဝေဝတ်ထားတဲ့အဝတ်အစားတွေဖြစ်တယ်လို့ ဦးသက်ဝေရဲ့အလုပ်သမားတွေက ပြောလာတာကြောင့်ဖြစ်သည်။

ပြန်လည်စတင်လာတဲ့ လူသတ်မှုတစ်ခု။ လူသတ်သမားပျောက်ကွယ်မှု့နဲ့အတူ လူသတ်မှု့လဲပျောက်ကွယ်သွားခဲ့တာ လေးနှစ်ကျော်ကျော်ပင်မဟုတ်လား။ တကယ်တမ်းအသက်ခံရတော့လဲ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးသော လူတွေရဲ့သားတွေကြည့်ပင်။ အရင်၂ယောက်တုန်းကတော့ လူသတ်သမားဟာ နောက်ရက်ကျ onlineပေါ်ကို Video fileတင်လေ့ရှိသည်။ ဒီတစ်ယောက်ကိုကျတော့ ဘာvideoမှမတင်ခဲ့ပါ။ တမင်မတင်ခဲ့တာလား။ လူသတ်သမားကတင်ရန်မေ့နေတာလားမပြောတက်ပါ။

မာန်ဝေအသတ်ခံရသလို၊ ဦးသက်ဝေကလဲ ထိုညကပဲ အသတ်ရလိုက်ရသည်မဟုတ်လား။ ရဲတွေလဲ အရင်အမှု့က နှစ်တွေကြာခဲ့တာရယ် လူသတ်သမားရဲ့ သဲလွန်စတွေပျောက်နေတာရယ်ကြောင့် အမှု့ပိတ်လိုက်ရသော်လည်း အခုလူသတ်မှု့က တစ်စခန်းပြန်ထလာတာကြောင့် ရဲသာမကရန်ကုန်တိုင်း ရဲမှူးကြီးပါခေါင်းကြိမ်းနေရပြန်သည်။

*****

အထာတစ်ယောက် ဖန့်ရဲ့ဖုန်းကိုခေါ်တာ အခုနဲ့ဆို ၁၀ကြိမ်မက။ ဖန့်ဖုန်းမကိုင်တာကြောင့် အထညလဲအတော်ကလေးဒေါသထွက်ကာ စိတ်လဲပူနေမိသည်။ အိမ်ကိုလိုက်သွားရမလားဆိုတော့လဲ အခုချိန်က ဖန်ရုံးမှာဂှိနေတာမဟုတ်လား။ သူ့ဖုန်းကိုမကိုင်တာက ဖန်အစည်းအဝေးလုပ်နေတာငြောင့်များလားလို့တွေးမိသည်။ ဒါမှမဟုတ် ဖန်သြဇီရုံးခွဲကိုသွားစစ်နေတာကြောင့်များလား။ ဖန်ကသြဇီရောက်ရင် သူ့ကိုသိက်ပြီးအဆက်အသွယ်မလုပ်။ သူ့နဲ့ဖုန်းပြောလျှင် ချက်ချင်းမြန်မာနိုင်ငံကို ပြန်လာမိမှာကြောက်လို့တဲ့လေ။ အထာ ဖန့်ရုံးကအတွင်းရေးမှူးဖုန်းကို ဆက်ရမလားတွေးမိသည်။

Abstarct Of Love (Z&U)Opowieści tętniące życiem. Odkryj je teraz