သူတို့လေးယောက် ရန်ကုန်ကိုပြန်ရောက်လာကြတာ ၂လပင်ပြည့်တော့မည်။
သူတို့မြန်မာနိုင်ငံမှာမရှိတဲ့ လေးနှစ်အတွင်းမှာ လင်းကိုကိုနဲ့မိုးမြင့်ဟိန်းတို့ကို သတ်သွားတဲ့လူသတ်သမားကို အခုချိန်ထိမမိသေးဘူးဆိုတာပင်။ လူသတ်သမားဟာ အပုန်းကောင်းတာလား ရဲတွေကပဲညံ့ဖျင်းလွန်းတာလားမသိတော့ပါ။ လူသတ်သမားရဲ့သတင်းအစအနတောင်ရှာမတွေ့ခဲ့ဘူးဟုဆိုသည်။ မြန်မာတစ်နိုင်ငံလုံးသာမက အချို့နိုင်ငံများအထိပါ ပျံ့နှံ့သွားတဲ့ ဤလူသတ်မှု့သည် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းပျောက်ကွယ်ကာ လူထုအကြားလေပြည်လေးတစ်ချက် တိုးဝှေးတိုက်ခတ်သွားသလိုပင် တိမ်မြှုပ်ပျောက်ကွယ်လုဖြစ်နေသည်။
အခုဆိုရင် လူသတ်မှု့ဟာလဲ အမှု့မှန်မပေါ်ပေါက်သေးသလို နောက်ထပ်ထိုလူသတ်သမားရဲ့ ပစ်မှတ်ဟာ ဘယ်သူဘယ်ဝါရယ်ဆိုတာလဲ မသဲကွဲတော့။ သူတို့လေးယောက်မရှိတဲ့နောက် လူသတ်သမားဟာလဲ ခြေငြိမ်လို့သွားတာမို့ သူတို့အားလုံးအတွက် အဖြေရှာမရတဲ့ ပုစ္ဆာတစ်ခုလိုဖြစ်နေ၏။
ဒီအချိန်မှာတော့ သူတို့အားလုံးဟာ ကိုယ်ပိုင်အလုပ်တွေလုပ်ကိုင်နေကြသည်။ ဖန်တီးကတော့ သူ့မေမေရဲ့အလုပ်မှာသာ ဦးစီးဦးဆောင်လုပ်ကိုင်နေပြီး၊ ထာဝရကတော့ မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို စိတ်မဝင်စားတာကြောင့် သူဝါသနာပါရာ coffe shopလေးတစ်ဆိုင်ဖွင့်ထားသည်။ မာန်ဝေကတော့ မိသားစု၏အရိုက်အရာကို စီမံနေသလို၊ နေလင်းအောင်ကလဲထို့အတူပင်။
" တူ တူ....."
အိတ်ထဲကမြည်လာတဲ့ ဖုန်းသံကြောင့် အထာဖုန်းကိုထုတ်ကာကြည့်လိုက်တော့ ဖန့်ဆီကဖြစ်တာမို့ လုပ်လက်စအလုပ်ကိုလက်စသတ်ကာ ဖုန်းကိုင်လိုက်သည်။
" အင်း ဖန်"
ဖန်တီးတစ်ယောက် တစ်ဖက်ကချစ်ရသူလေး၏ အသံကိုကြားလိုက်ရချိန်တွင် တစ်နေ့တာပင်ပန်းမှု့က ညလေပြည်လေနဲ့အတူ မျောပါလို့သွားသည်။ အထာရဲ့အသံက တိုးဖျော့မနေ ပင်ပန်းမှု့မရှိသလို တက်ကြွလို့နေသည်။
" လွမ်းတယ်။"
" အပိုတွေကွာ။ လွမ်းတယ်ဆိုရင် ငါ့ကိုဘာလို့အခုမှ ဖုန်းဆက်ရတာလဲ။ "
KAMU SEDANG MEMBACA
Abstarct Of Love (Z&U)
FantasiWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...