Ep.21 (U)

2.6K 158 10
                                    

နွေးထွေးမှု့တို့က နှလုံးသားဆီကို တိုက်ရိုက်ထိတွေ့တဲ့အခါ သူ့အတွက်လုံခြုံမှု့ကိုပေးစွမ်းနိုင်သည်။

ကုတင်ဘေးအိပ်ပျော်နေရှာတဲ့ချစ်ရသူဖန်ဟာ ဘယ်အချိန်ထဲကနေသူ့အနားကိုရောက်နေခဲ့တယ်မသိပါ။ချစ်ရသူ၏မျက်နာကို တစိမ့်စိမ်းကြည့်နေရင်းကနေ တဖြည်းဖြည်းတိုးလာတဲ့ အချစ်တို့ရယ်က တောင်ကျရေလိုတသွင်သွင် စီးဆင်းလို့နေသည်။ အိပ်ပျော်နေတဲ့ ဖန့်ကိုအထာငုံ့နမ်းလိုက်သည်။ လက်တို့ကိုခုအုံးကာ အိပ်နေတာမို့ တုံကျင်မှာကိုစိတ်ပူမိတဲ့သူဟာ အိပ်ယာပေါ်ကနေအသာထကာ ကုတင်အောက်သို့ဆင်းလိုက်သည်။ ညကအိပ်ဟန်မတူသော ဖန့်ရဲ့မျက်နာပေါ်ကညိုကွင်းနေသည်။ ညိုနေတဲ့
မျက်ကွင်းတွေဟာ ပင်ဒါဝက်ဝံပေါက်လိုပင်။ ဖန့်ကိုအသာအယာပွေ့ကာ အိပ်ယာပေါ်သို့ တင်သိပ်လိုက်သည်။

" ညကမအိပ်ပဲ တစ်ညလုံးဂိမ်းဆော့နေပြန်တာတူတယ်။ စိတ်ဆိုးတယ်ဆိုရင်တောင် အိပ်ရမှာပဲလေ။"

အိပ်ယာပေါ်ရောက်တဲ့အထိ မလှုပိမယှက်နဲ့ ငြိမ်သက်စွာအိပ်ပေါ်နေတဲ့ ဖန့်ရဲ့နဖူးပေါ်ကို ပျံ့ကြဲကျနေတဲ့ ဆံပင်ပျော့ပျော့လေးတွေကို ဆော့ကစားရင်း အထာပြောလိုက်သည်။ အထာ ဖန့်အကြောင်းကိုသိသည်။ သူနဲ့စိတ်ဆိုးစကားများတဲ့ နေ့တွေမှာဆိုရင် ဖုန်းခေါ်လဲမကိုင်သလို၊ စာပို့ရင်လဲစာမပြန်ပါ။ သူစိတ်ဆိုးနေတာကို သိစေချင်တာကြောင့်လား ဒါမှမဟုတ် တစ်ဖက်လူကို စိတ်ပူအောင်လုပ်တက်တာလားတော့ အထာမဆိုတက်ပါ။ သေချာတာတစ်ခုကတော့ သူနဲ့စကားများတဲ့ ညတွေဆိုရင်တော့ ဖန်ကတစ်ညလုံး မအိပ်ပဲဂိမ်းဆော့နေတက်သည်။

" ဘာလို့ညမအိပ်တာလဲလို့ သူမေးတော့ အဖြေကရိုးရှင်းစွာပင်။ ဒီနေရာက နာကျင်နေရတာ ဘယ်လိုအိပ်ပျော်မလဲတဲ့။"

ဖန်ကအဲ့လိုပါ။ ဒီလိုစကားလေးတွေကို သူသတိမထားမိချိန်မှာ ဖန်ကပြောတက်ပါသည်။ အမြဲတည်ငြိမ်အေးဆေးလွန်းတဲ့ ဖန့်ကြောင့်သူ့နှလုံးသားလေးဟာ အမြဲရှော့ရတက်သည်။

" ချစ်လိုက်တာကွာ။

ပြွတ်..."

အထာ ဖန့်မျက်နာလေးကိုကြည့်နေရင်းကနေ စိတ်မထိန်းနိုင်စွာ ဖန့်ပါးပြင်လေးကို နမ်းလိုက်ပြန်သည်။

Abstarct Of Love (Z&U)Onde histórias criam vida. Descubra agora