အထာအစကတော့ ဖန်နဲ့သူ့အမွှာအကိုဖြစ်တဲ့ သူတို့နှဟ်ယောက်ကို မသိချင်ယောင်ဆောင်က လှည့်စားလိုက်ချင်ပေမယ့် ဖန်ဆင်းဆီက စကားတွေကိုကြားရပြီးချိန်မှာတော့ ထိုအတွေးဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။
အထာ့ရဲ့အချစ်တွေက ဖန်ဆင်းမဟုတ်ပဲ ဖန်တီးနဲ့သာ ပေါက်ဖွားလာတယ်ဆိုတာကတော့အတိအကျ။
အချစ်သည်တစ်ခါတစ်ရံ လမ်းလွှဲမှားစွာဝင်ရောက်လာတက်သည်တဲ့။ သူ့အတွက်တော့ မဟုတ်ခဲ့ပါချေ။ အချစ်ကသူ့ဆီကို တန်းမတ်စွာတိုးဝင်လျှောက်လာခဲ့သည်မဟုတ်လား။ ဖန်ဆင်းကသူ့ကို"ချစ်တယ်"တဲ့။ အထာတုံ့ဆိုင်းစွာမနေ သွက်လက်တဲ့အဖြေက အုံးနှောက်ကနေဆင်းသက်လာတာမဟုတ် နှလုံးသားကနေ တစ်ပါထဲအဖြေပေးမိလိုက်သည်။
ဘယ်အချိန်မှာ လူသတ်သမားက သူ့ဘက်ကိုမြှားဦးလှည့်လာမည်မသိတာကြောင့် သူမသေခင် အချိန်မှာ ဖန့်ကိုသူအရမ်းချစ်တယ်ဆိုတာကိုတော့ တစ်ခါလောက်ပြောပြသွားချင်မိပါရဲ့။ လောကကြီးက ထိုအခွင့်အရေးလေးတစ်ခုကိုတော့ သူ့အတွက် မျက်နာသာပေးကောင်းပါသည်။ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပါသော်လည်း လူသတ်သမားဟာ အခုထိအဖြူလားအမည်းလားဆိုတာကို ဘယ်သူမှမသိသေးပါ။
မာန်ဝေဟာအသတ်ခံရပါတယ်ဆိုသော်လည်း အခုထိရဲတွေရဲ့ကောက်ချက်ချမှု့တစ်ခုသာ။ ထိုနေ့ကအတည်ပြုမှုဟာလဲ အယောင်ပြယုံသက်သက်ပဲလားဆိုတာမသိတော့။ အထာခေါင်းေတွနောက်ကျိလာသည်။
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလို့သာနေသည်။
ဆိုင်နဲ့အိမ်သာအချိန်ကုန်နေတက်တဲ့ သူ့ဘဝကြီးကပျင်းရိစရာလိုပင်။ ဖန့်ကိုဖုန်းဆက်ကာ အပြင်လေးဘာလေး လျှောက်သွားချင်သော်လည်း ဒီရက်ပိုင်းတွေမှာ ဖန်ကလဲအလုပ်တွေရှုပ်နေတယ်ဆိုပြီး ဖုန်းကိုချပစ်လာတာ အခါခါ။ အချိန်ကြာလာတော့ အထာ ဖန့်ကိုပင်ဖုန်းမဆက်ချင်တော့ပါ။******
ဒီလိုနဲ့အထာဆိုင်အလှုပ်ထဲကိုသာ အာရုံစိုက်မိသည်။ အခြားအရာတွေခေါင်းထဲကို မထည့်ချင်တော့တာလဲပါသည်။ အထာသေရမည့်ရက်ကိုတော့ ထိုင်မစောင့်ချင်တာလဲပါသည်။
VOCÊ ESTÁ LENDO
Abstarct Of Love (Z&U)
FantasiaWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...