" သားထာလေးရေ နေ့လည်စာအဆင်သင့်ဖြစ်ပြီ။ သားသူငယ်ချင်းတွေပါ တစ်ခါထဲခေါ်လာခဲ့တော့။ နေ့လည်စာ အန်တီမြတ်နိုးပြင်ထားပြီ။"
မနက်ထဲက သူတို့အဖွဲ့ဘာမှမစားရသေးတာအမှန်ပင်။ ကိုယ်စီအတွေးတွေနဲ့မို့ စကားတောင်သေသေချာချာမပြောဖြစ်ခဲ့ကြပါ။ လတ်တလော ပူနွေးနွေးသေဆုံးသွားတဲ့ သူတို့၏သူငယ်ချင်းဖြစ်တဲ့ မိုးမြင့်ဟိန်း၏သတင်းနဲ့ အဖြစ်အပျက်ကြောင့် ယူကြုံးမရဖြစ်မိကြသလို နားလဲမလည်နိုင်အောင်ဖြစ်နေသည်။ ဟိုအရင်နေ့ရက်တွေကဆိုလျှင် ကျောင်းရောက်တာနဲ့ သူတို့အဖွဲ့ ကန်တင်းမှာထိုင်ဖြစ်ကြသည်။ မိုးမြင့်ဟိန်းက ဟာသတွေပြောကာ အတူတူရယ်မောခဲ့ဖူးသည်။ တစ်ယောက်မှာထားတဲ့ စားစရာများကိုတစ်ယောက် လုယက်ကာစားသောက်တက်ကြသည်။ အမြဲဟာသလုပ်ပြတက်တဲ့ မိမိတို့ရဲ့သူငယ်ချင်းကို အခုလိုကျောင်းမှာကော အခြားနေရာများတွင်လဲ မတွေ့ရတော့ပေ။
"မင်းတကယ်ပဲ ငါတို့အနားက အပြီးထွက်သွားခဲ့ပြီပေါ့။"
" အထာ ထမင်းစားကြမယ်လေကွာ။ ငါတို့လဲထပ်တူပါ။ ဒါပေမယ့်ငါ့တို့ဘာတက်နိုင်ကြမလဲ။ သေတဲ့သူကလဲသေသွားခဲ့ပြီလေ။ အခုလိုငါပြောတဲ့စကားတွေကြောင့် မင်းအထင်လွဲချင်လွဲနေလိမ့်မယ်။ ငါပြောချင်တာက ကျန်ခဲ့တဲ့ ငါတို့အတွက်လဲ ရှိနေသေးတာမို့ အားတင်းပြီးရှေ့ဆက်ကြရမယ်လေ။"
အကုန်လုံးထမင်းစားခန်းကို ထသွားတဲ့အချိန် အထာကဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ကာ နောက်ကလိုက်မလာတာမို့ နေလင်းအောင်ကပြောလိုက်ခြင်းဖြစ်သည်။ နေလင်းအောင်စကားကြောင့် အကုန်လုံးထမင်းစားခန်းသွားနေတဲ့ ခြေလှမ်းတို့ရပ်တန့်သွားခဲ့ရသည်။ နေလင်းအောင်စကားကို နားထောင်နေမိကြသည်။
" အေးပါကွာ ငါတို့တက်နိုင်သလောက် အလှူလေးပြုပေးကြမယ်လေ ငါ့တို့သူငယ်ချင်းအတွက်။"
ထိုအခါမှ မျက်နာလေးပြန်လန်းလာတဲ့ အထာ သူငယ်ချင်းတွေကို ပြုံးပြရင်း ထမင်းစားခန်းထဲသို့ဝင်လာခဲ့ကြသည်။
မိုးမြင့်companyရဲ့သူဋ္ဌေးဦးမိုးမြင့်၏ သားမိုးမြင့်ဟိန်း၏ သတင်းဟာ မြန်မာနိုင်ငံတွင် အတော်လေးပျံ့နှံ့လို့နေတာမို့ လူအများ၏စိတ်ဝင်စားခြင်းကိုလဲခံနေရသည်။ ရဲတွေကလဲ လူသတ်သမားကို အသည်းအသန်ရှာဖွေနေကြသည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...