" Helloကိုမိုးမြင့်လား"
မြင့်ကိုဦးတစ်ယောက် အသံတို့တုန်ရီစွာနဲ့ အခြေအနေအရပ်ရပ်ကိုဖွင့်ပြောရတော့သည်။ သူ့ဆီကိုရောက်ရှိလာတဲ့ စာအိတ်ထဲကပုံတွေကအစ ထိုအကြောင်းမှန်သမျှကို ဖုန်းနဲ့ပြောပြလိုက်ခြင်းဖြစ်သည်။
" ဒီလိုဆို ကျွန်တော်တို့ တွေ့ဖိုလိုနေပြီ။"
မြင့်ကိုဦးဖုန်းချပြီးတာနဲ့ လက်ကိုင်အိတ်ကိုကားထဲပစ်ထည့်ကာ ချိန်းဆိုထားတဲ့နေရာကိုထွက်လာခဲ့သည်။ မိုးမြင့်လိုလူကိုတောင်တိုက်ခိုက်ရဲ ထိရဲတယ်ဆိုကတည်းက သူတို့ရဲ့ရန်သူဟာလဲ တော်ရုံအရည်အချင်းမျိုးမဟုတ်။ တစ်ဖက်ကရန်သူကိုအထင်မသေးရဲ။ မိုးမြင့်ရဲ့သတင်းကြားထဲက သူလဲသားအတွက်စိတ်ပူရသလို သူ့ရဲ့စီးပွားရေးကိုလဲ တစ်ချိန်ချိန်မှာထိခိုက်လာနိုငိတယ်ဆိုတာ တွေးမိသည်။ ဒီလောက်မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့တော့မထင်ထားခဲ့ပါ။
မြင့်ကိုဦးချိန်းဆိုထားတဲ့ ဆိုင်ထဲရောက်တာနဲ့ မျက်လုံးဝေ့ကစားကာ မိုးမြင့်ကိုရှာလိုက်သည်။
" ဒီကလူကြီးမင်းက ဘာများအလိုရှိပါသလဲရှင်။"
" လူရှာတာပါ။"
" အော် ဟုတ်ကဲ့ လူကြီးမင်းချိန်းဆိုထားတဲ့သူရဲ့နာမည်လေးပြောပြပေးနိုင်မလားရှင့်။"
ဝန်ထမ်းကောင်မလေးမေးသမျှကို ဦးမြင့်ကိုဦးတစ်ယောက် ဖြေလိုက်သည်။
" ဟုတ်ကဲ့ပါရှင့် လူကြီးမင်းလာရင် ဦးမိုးမြင့်က ခေါ်လာခိုင်းပါတယ်။ ကျွန်မနောက်ကလိုက်လာခဲ့ပေးပါနော်။"
ကောင်မလေးခေါ်ဆောင်ရာ နောက်သို့ ဦးမြင့်ကိုဦးလိုက်လာခဲ့သည်။
အခန်းတစ်ခန်းရှေ့ရောက်တာနဲ့ ကောင်မလေးကအခန်းတံခါးကိုခေါက်ကာ အချက်ပေးလိုက်သည်။
" ဘယ်လိုလုပ်ကြမလဲကိုမိုးမြင့် တစ်ခုခုတော့အကြံပြုနိုင်မလားး။"
ငယ်သူငယ်ချင်းတွေဆိုပေမယ့် မြင့်ကိုဦးတစ်ယောက် "ကို"တပ်ကာခေါ်နေတက်သောအကျင့်က အခုထိပင်။
" ငါလဲငါ့ရန်သူဟာ ဘယ်သူလဲဆိုတာ စုံစမ်းနေတယ်။ ဒါပေမယ့်အခုထိ ဘယ်သူဆိုတာမသိသေးဘူး။"
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...