Ep.42 (Z)

1.1K 41 0
                                        

" နေလင်းအောင် မင်းမာန်ဝေကို ဘယ်မှာဖွက်ထားလဲ။"

" မင်းအမြင်ပဲလေ။ မာန်ဝေကော သူ့အဖေရဲ့အဖြစ်အပျက်ကိုလေ။"

သူ့ရဲ့လုပ်ရပ်ကို ခန့်မှန်းမိစွာနဲ့ စူးရှတဲ့မျက်ဝန်းတွေက သူ့အတွေးတွေအထိကိုပါ ဝင်ရောက်ကာမြင်နေပုံ။ နေလင်းအောင်အနည်းငယ်ထိတ်လန့်လို့သွားမိသည်။ ဒါကိုတော့ ဖန်ဆင်းမရိပ်မိလိုက်တာ သူ့အတွက်ကံကောင်းသွားသည်။

" မင်းတစ်ခုသတိထားမိလားဖန်ဆင်း။ "

" ဘာကိုလဲ။"

နေလင်းအောင်စကားလမ်းကြောင်းပြောင်းလိုက်တဲ့ဖက်ကို ဖန်ဆင်းလိုက်ပါလာသည်။

" လင်းကိုကိုမသေဆုံးခင်ညက သူ့ရဲ့အမူအယာကိုလေ။"

နေလင်းအောင်စကားကြောင့် လင်းကိုကိုမသေခင်ညက လင်းကိုကိုအသတ်မခံရခင်ညကဆိုရင်ပိုမှန်မည်။ ထိုညကပုံရိပ်တွေကို နေလင်းအောင်သာမက ဖန်ဆင်းရဲ့အတွေးပုံရိပ်တွေထဲမှာတောင် မေ့မရနိုင်တဲ့အဖြစ်ပျက်။

ဆေးရှိန်ပြယ်ကာ သတိရလာတဲ့လင်းကိုကို။ ထိုညက နေလင်းအောင်က လင်းကိုကိုမေ့ဆေးပေးကာ သတိလစ်သွားတော့မှ သူ့ကားပေါ်ကိုပြောင်းကာ ဖမ်းခေါ်လာခဲ့သည်။ လင်းကိုကိုရဲ့ ကားကိုတော့ ဖန်ဆင်းကာ ပုံစံမပျက် ကလပ်ရဲ့နောက်က ကားဂိုထောင်မှာထားခဲ့လိုက်သည်။ စီစီတီဗွီတွေရှိတာသိတာကြောင့် ဖန်ဆင်းသူ့ပုံတွေကို မမြင်ရအောင် တမင်ရှောင်ကာတိမ်းကာနဲ့ ထွက်လာခဲ့ရသောည။

ဖန်ဆင်းဘယ်သူမှမသိအောင် အခြားနာမည်တစ်ခုနဲ့ ဝယ်ထားသောတိုက်ခန်း။ မိုးမြင့်ဟိန်းမသေခင်ညကလဲ ဒီတိုက်ခန်းမှာပဲ သူနိပ်စက်ပြီး လိင်ဆက်ဆံခဲ့သည်။ မိုးမြင့်ဟိန်းတုန်းကတော့ နာကျင်မှု့ဒဏ်ကြောင့် အလူးအလဲအော်ဟစ်ကာ ငိုယိုတောင်းပန်ခဲ့ပေမယ့် ဖန်ဆင်းမညာမတာဆက်ဆံခဲ့သည်။ ပထမဆုံးအတွေ့အကြုံမို့ထင်သည် မိုးမြင့်ဟိန်းနောက်ပါးဆီကနေ လျှံထွက်ကျလာတဲ့သွေးတွေက မနည်းမနော။ နာကျည်းမှု့ကော ဒေါသကောပေါင်းစပ်မိသွားချိန်မှာတော့ ထိုအရာတွေကို ဖန်ဆင်းမျက်လုံးထဲ ဘယ်အရာမှမမြင်နိုင်တော့။ သူကမိုးမြင့်ဟိန်းကို လိင်ဆက်ဆံခဲ့ပေမယ့် videoအတွက်ကတော့ နေလင်းအောင်ကစီစဉ်ခဲ့သည်။ အခုလင်းကိုကိုကျတော့လဲ ထိုနည်းတူပင်။ သူ့က အဓမ္မပြုကျင့်မယ်။ နေလင်းအောင်က videoရိုက်ပေးမယ်ပေါ့။ ဒုတိယအကြိမ်မြှောက်မှာတော့ ဖန်ဆင်းနည်းလမ်းအချို့သိလာခဲ့သည်။ လိင်ဆက်ဆံမှု့ကို ရုန်းခြင်းကန်ခြင်းမရှိအောင်အတွက် သူဘယ်လိုလုပ်ရမလဲဆိုတာကို ယူကျူ့ကနေတစ်ဆင့်videoတွေကြည့်ကာလေ့လာခဲ့ရသည်မဟုတ်လား။ သတိမေ့နေတဲ့ လင်းကိုကိုရဲ့ လက်ဖျံသွေးကြောထဲကို စိတ်ကြွဆေးရည်ထိုးပေးခဲ့သည်။

Abstarct Of Love (Z&U)Where stories live. Discover now