သူငယ်ချင်းကိုတွေ့ချင်တာကြောင့် ညမိုးချုပ်ထွက်လာခဲ့တဲ့ကောင်လေးပေါက်စ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ လူရိပ်တွေဟာများလွန်းနေသည်။ အရင်ကသူလာရင် ခြံတံခါးပိတ်ထားတက်သည်။ လူခေါ်ဘဲလ်ကို နိပ်ရန်မှီသောအရပ်ဖြစ်တာမို့ သူခလုတ်လေးကိုနိပ်ရန်ပြင်နေပြီးမှ ခြံတံခါးဟာ သူ့အလိုလိုပွင့်နေတာကို သတိထားမိကာ တံခါးပေါက်ကိုတွန်းဖွင့်ရင်း အထဲသို့အပြေးလေးဝင်လာခဲ့သည်။ ခြံတံခါးနဲ့အိမ်ဟာ အနည်းငယ်လှမ်းတာကြောင့် ခြေထောက်သေးသေးလေးတွေနဲ့ မြန်အောင်ပြေးလာခဲ့ခြင်းဖြစ်သည်။
မိုးတွေကရုတ်တရက်ဆိုသလို အငြိုးနဲ့ရွာချလာသည်။ လေသံမိုးသံကြောင့် ပတ်ဝန်းကျင်ကိုကောငွးစွာမမြင်ရသလို အိမ်ထဲကအသံကို ခြံအအပြင်ကလူတွေတေတာ်ရုံမကြားနိုင်။ အခုချိန်အော်ဟစ်အကူအညီတောင်းမယ်ဆိုရင်တောင် မည်သူမှသတိထားမိနိုင်မည်မဟုတ်။
" လာကြပါအုံးရှင် ဒီမှာလူတစ်စုဓားမြတိုက်နေလို့ပါရှင်။"
ထိုကောင်လေးအိမ်ပေါ်တက်ရန်ပြင်နေတဲ့ ခြေလှမ်းတို့ အိမ်ပေါ်ထပ်ကအသံကြောင့် ရပ်တန့်လို့သွားရသည်။
အော်သံနဲ့အတူ နာကျင်စွာအော်ညီးသံလေးကိုပါကြားလိုက်ရတာကြောင့်
ကိုယ်လုံးလေးပါတုန်ရီလို့သွားရသည်။ နှစ်အိမ်ပြင်ထောင်ရယ်လို့ ဆိုမရတဲ့ ဒီအိမ်က အိမ်ရှေ့ဝရံတာပုံစံ လှေကားထစ်ရှိသည်။ ကောင်ငယ်လေးသည် ထိုလှေကားပေါ်ကနေတက်ကာ အိမ်ထဲကိုပေါက်နေတဲ့ အပေါက်သေးသေးလေးကနေ ချောင်းကြည့်မိသည်။ မျက်နာဖုံးစွတ်ကာ လူလေးယောက်ကိုသူတွေ့ရသည်။ သုံးယောက်ကဓားများကိုယ်စီကိုင်ထားကာ ကျန်တစ်ယောက်ကတော့ အန်တီရဲ့မျက်နာရှေ့မှာရပ်ကာ သေနတ်နဲ့ချိန်ထားသည်။ အထဲကအန်တီတို့မိသားစုက ကြောက်လွန်းလို့ငိုနေကြသည်။ကောင်လေးငယ်ငယ်သည် အိမ်ထဲကအဖြစ်အပျက်အချို့ကိုကြောက်လန့်ကာ အိမ်အောက်ဆီသို့ပြေးဆင်းသွားခဲ့သည်။ ကြောက်လွန်း၍ဒူးများပင်တုန်ကာ ဘောင်းဘီတိုလေးထဲမှာ သေးများပင်ပေါက်ချမိတဲ့အထိ ကြောက်လန့်နေမိသည်။
အိမ်ထဲက အန်တီ၏အော်သံအဆုံး၌ သေနတ်သံလဲ ကျယ်လောင်စွာကြားလိုက်ရသည်။
CITEȘTI
Abstarct Of Love (Z&U)
FantezieWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...