အထာ့အိကျီ်ထဲကို ဖန့်လက်တစ်ဖက်ကတိုးဝင်လာကာ ခန္ဓာကိုယ်အနှံ့ပွတ်သပ်လို့လာသည်။ တစ်ချက်တစ်ချက် လက်မနဲ့လက်ညိုးသုံးကာ ရင်ဘတ်က အဖုသီးလေးတွေကို ဖိချေပေးလာလျှင် အထာ့မျက်လုံးလေးမှေးစင်းကာ မှိန်းမောသွားရသည်။
တဖြည်းဖြည်းကြမ်းတမ်းလာတဲ့ ဖန့်ရဲ့အနမ်းတွေနဲ့ အကိုင်အတွယ်ကြမ်းတဲ့ ဖန့်ရဲ့အပြုအမှုတွေကြောင့် အထာ ဖန့်ရဲ့လက်တွေကို အလျင်အမြန်တားရတော့သည်။
" ရပ် ရပ်တော့ဖန်။"
ရင်ဘတ်ကို အားသေးသေးလေးနဲ့ တွန်းဖယ်လာတဲ့ အထာကြောင့် ဖန်တီးအသိတို့ပြန်ဝင်လာခဲ့သည်။
" အာ sorryအထာ။ ကိုယ်နည်းနည်းလွတ်သွားတယ်။"
" အင်း ငါလဲနည်းနည်းသာယာသွားတာလေ။"
ဖန့်ရဲ့တောင်းပန်စကားကြောင့် အထာလဲအနည်းငယ်တော့ရှက်ရွံမိသည်။ ဒါကသူတို့ရဲ့ ပထမဦးဆုံးသော အထိအတွေမလား။ အထာအသက်ပြည့်ပြီဆိုသော်လည်း sex ကိစ္စကိုတော့ ချက်ချင်းမပြုလုပ်ချင်သေးပါ။ ဖန့်ကိုလဲကိုယ်ချင်းစာပါသည်။ ဖန်ကကော သူ့ကိုနားလည်ပေးနိုင်မလားတော့ မသိ။ မတူညီတဲ့ သဘာဝမှာ သူကလဲယောက်ျား၊ ဖန်ကလဲယောက်ျားရယ်မို့ အချို့အရာတွေကို သူတို့ကြားမှာ ညှို့နှိုင်းရန် အချက်များရှိနေသေး၏။
ဖန့်ရဲ့အနမ်းတွေကြားမှာ အထာမိန်းမောသွားခဲ့တာအမှန်ပါ။ ရင်ခုန်းခြင်းကနွေးနွေးလေး၊ အနမ်းတွေကချိုမြိန်လွန်းတာကြောင့် ဖန့်ရဲ့ဦးဆောင်ရာနောက်သို့ အထာလိုက်ပါသွားရခြင်းဖြစ်သည်။
"ဖန်ကားကို ဂရုစိုက်ပြီးမောင်းနော်။"
ရှက်သွေးဖြာနေတဲ့ ချစ်ရသူမျက်နာဟာ ပန်းသွေးရောင်ယှက်ပြေးလို့နေသည်။
အထာ့ရဲ့နှုတ်ခမ်းသားတို့ဟာ နူးညံ့ကာချိုလွန်းတာမို့ ဖန်တီးအနမ်းတို့သည် ရပ်တန့်လို့မရ။ အထာရဲ့ဖြူအုအုအသားအရည်ဟာ ကြည်စင်နေသည်။ သူ့လက်နဲ့ထိတို့မိတာနဲ့ အထာ့ရဲ့အိစက်နေတာနေတဲ့ အသားအရည်ဟာ ဖန်တီးကိုဆွဲဆောင်လွန်းနေသည်။ အထာ့ရဲ့ရင်ဘတ်တစ်နေရာက အဖုလေးတွေကို လက်နဲ့တို့ထိမိလိုက်တဲ့အခါ ဖန်တီးရဲ့လက်တို့တုန်ရီလို့နေသည်။ နှုတ်ခမ်းသားနှစ်ခုတို့အကြား လေးညှင်းလေးတောင် တိုးဝင်မရအောင် သူတို့နှစ်ယောက်ရဲ့ အနမ်းတွေဟာ ကြားလပ်စွာမရှိ။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...