[Unicode]
" အား...."
ပန်းလရောင်နှင်းရဲ့ နာကျင်စွာအော်သံဟာ ပတ်ဝန်းကျင်တွင် ထပ်မံပေါ်ထွက်သည်။ လူရှင်းတဲ့ လမ်းမို့ သူတို့ရဲ့အဖြစ်အပျက်ကို ပတ်ဝန်းးကျင်က သတိထားမိဟန်မပေါ်။ အခုချိန်အထိ ဘယ်သူမှရောက်မလာခဲ့။
အထာသည်သံတုတ်ဖြင့် ပန်းလရောင်နှင်းရဲ့ ညာဖက်ခြေထောက်ကို တစ်ချက်ချင်းသွေးအေးစွာ ရိုက်နေမိသည်။ သူတစ်ချက်ရိုက်တိုင်း ထိုမိန်းမဆီက နာကျင်စွာအော်ဟစ်သံများပေါ်ထွက်လာတာကိုက အထာနားထဲမှာ နားဝင်ချိုလှသည်။
" ငါ ငါတောင်းပန်ပါတယ်။.ငါ့အသက်ကိုတော့ ချမ်းသာပေးပါဟယ်။ ငါ ငါလေ နင်ဖြစ်စေချင်သလိုငါ ဖန်တီးအနားကိုမကပ်တော့ပါဘူး။.အီး ဟီး ဟီး..."
" နင်ဒီကျောင်းကနေပါ ပြောင်းလိုက်။ ဒါဆိုငါနင့်အသက်ကို ချမ်းသာပေးမယ်။"
" နင့်သဘောအတိုင်းဖြစ်စေရပါမယ်။ ငါ့ကိုတော့လွတ်ပေးပါနော်။"
ပန်းလရောင်နှင်းရဲ့ သနားစရာမျက်နာကို ကြည့်ရင်း အထာသဘောတကျရယ်မိတော့သည်။
" ဟား ဟား နင်စောစောထဲက လိမ်မာရင် အခုလိုတောင်ဖြစ်မှာမဟုတ်ဘူး။ "
" ဟုတ် ဟုတ်ပါတယ် ဒါတွေကငါ့အမှားတွေပါ။ နင်ကပဲနားလည်ပြီးခွင့်လွှတ်ပေးပါနော်။"
ပန်းလရောင်နှင်းရဲ့ ကားရှိရာဆီကို အထာလျှောက်ကာ ကားထဲကပန်းလရောင်နှင်း၏ ဖုန်းကိုယူကာ ပစ်ပေးလိုက်သည်။
" နင့်အိမ်ကိုဖုန်းဆက်လိုက် နင့်ကိုဆေးရုံတင်မို့တော့မှီမှာပါ။ ငါနောက်ဆက်တွဲထဲ ပါမလာချင်ဘူးနော်။"
" အေး အေးပါဟာ။ ငါ ငါ့ဘာသာဆဖြရှင်းလိုက်ပါ့မယ်။"
အထာကားပေါ်ကိုတက်ကာ ထိုနေရာကနေကားကိုမောင်ူထွက်လာတော့သည်။ နောက်မှာကျန်ခဲ့တဲ့ ပန်းလရောင်နှင်းကတော့ အပြင်းအထန်ဒဏ်ရာရသော်လည်း အသက်သေဖွယ်ရာမရှိတာမို့ ဘာမှစိတ်ပူစရာမလို။ လူတွေဟာလေ စကားနဲ့သတိပေးရင် စိတ်မဝင်စားသလိုလိုနဲ့ သူတို့အသားလဲနာကျင်ရရော မျက်ရည်တွေကျကာ သနားစရာ သတ္တဝါတွေလိုပင်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...