Ep.2(U)

13.2K 413 6
                                    

[Unicode]

စာသင်ခန်းထဲရောက်တာနဲ့ အထာတို့အဖွဲ့သည် ကိုယ်ထိုင်ရာနေရာအသီးသီးတွင် ဝင်ထိုင်ကြသည်။ ဆရာရောက်မလာသေးတာကြောင့် အခန်းထဲတွင် ဆူညံလျှက်ရှိနေသည်။ အခန်းထဲကလူအားလုံးသည် မိမိတို့ရဲ့ဖုန်းကိုတစ်လှည့် ထာဝရကိုတစ်လှည့် မသိမသာခိုးကြည့်နေရင်း အချင်းချင်းတီးတိုးစကားပြောနေကြသည်။

အထာရဲ့အကြောင်းသည် ကျောင်းရဲ့ websiteတွင်တော်တော်ပျံ့လွင့်နေတာကို မိုးမြင့်ဟိန်းဖုန်းဖွင့်ကာကြည့်လိုက်တော့မှတွေ့ရသည်။ အထာမနက်က ဒေလီယာဆိုတဲ့ ကောင်မလေးကို တုန့်ပြန်လိုက်တဲ့ တုန့်ပြန်ချက်က အသက်သာဆုံးပင်။ အရင်ကလိုသာဆို အထာရဲ့တုန့်ပြန်ချက်က အခုထက်ပိုဆိုးသည်။ တစ်ရက်ကပေါ့ တစ်ရက်ဆိုတာ အထာနဲ့ဖန်ရဲ့ခြောက်လပြည့်အချိန်ကလို့ဆိုရမည်။

ထိုအချိန်က....

" ဖန်တီး"

အထာနဲ့မိုးမြင့်ဟိန်းတို့သူငယ်ချင်းတစ်စု ကျောင်း၏ထမင်းစားချိန်ဖြစ်၍ ထမင်းစားခန်းမှာလူစုံနေကျပေမယ့် ဖန်ကတော့ရောက်မလာသေးချေ။ ဖန်ကအဲ့ဒီနေ့က သန့်စင်ခန်းဝင်ချင်တယ်ဆိုလို့ သူတို့အားလုံးစောင့်နေမည်ဆိုသော်လည်း ဖန်တီးရဲ့မူပိုင်ဖြစ်တဲ့ အားနာမှု့ကြောင့် သူတို့အားလုံးထမင်းစားခန်းမှာသာ သောင့်နေကြသည်။

" ဖန်ရောက်လာပြီလား။"

အထာတို့အဖွဲ့သည် မိဘအသီးသီးကချမ်းသာကြသလို သူတို့ရဲ့ရုပ်ရည်ဟာလဲ ကိုယ်ပိုင်ရုပ်သွင် အသီးသီးကြည့်ကောင်းလျှက်ရှိသည်။ ရုပ်ရည်ချောမောမှု့ကြောင့် ကျောင်းတွင်နာမည်ကြီးသောသူများးဖြစ်ကြသည်။ သူတို့အဖွဲ့နဲ့သူငယ်ချင်းဖြစ်ချင်ကြသော ကျောင်းသားများရှိကြသလို သူတို့အဖွဲ့ထဲကမည်သူနဲ့တွဲရတွဲရ တွဲချင်နေသော မိန်းကလေးများလဲရှိသလို ယောကျ်ားလေးအချို့လဲရှိကြသည်။ ယောကျ်ားလေးဆိုသော် တနည်းအားဖြင့်gayများပေါ့။ သို့သောသူတို့ခြောက်ယောက်ဟာ မည်သူနဲ့မှအပေါင်းအသင်းမလုပ်ကြသလို ဘယ်မိန်းကလေးကိုမှလဲ စိတ်ဝင်းစားချင်းမရှိခဲ့ပါ။ Gayများကိုလဲ စိတ်ဝင်စားချင်းမရှိပါ။ ထိုအထဲမှာတော့ ဖန်နဲ့အထာတော့မပါ။ ဖန်နဲ့အထာကတော့ သူငယ်ချင်းကနေချစ်သူတွေအဖြစ်ရောက်ရှိခဲ့ကြသလို သူတို့ကိုယ်တိုင်က gayဟုဝန်ခံကာ ကျောင်းတွင်တွဲနေကြသူများဖြစ်သည်။

Abstarct Of Love (Z&U)Where stories live. Discover now