Ep.29 (U)

2.3K 110 10
                                    

အထာမျက်နာလေးစူပုတ်ကာ အိမ်ရှေ့ခန်းကိုထွက်လာခဲ့သည်။ ဖန်တကယ်ပဲမေ့နေခဲ့တာလား။ သူတို့နှစ်ယောက်ရဲ့ လေးနှစ်ပြည့် anniversaryကိုလေ။ သူတို့ရဲ့ anniအတွက်ကို ဝိုင်အချို့ရယ် ပြီးတော့ စပါကတီရယ်၊ အသားအချို့နဲ့ အသီးအနှံ့အချို့ကို အထာပြင်ဆင်ထားမိသည်။ သူတစ်ယောက်ပဲမှတ်မိတဲ့ anniလိုထင်မိပြီး အထာစိတ်မကောင်းဖြစ်မိသည်။ ဖန်ကဒီလိုနေ့မျိုးကို မမှတ်မိရလောက်အောင်အထိတော့ အလုပ်မများခဲ့ဘူးလို့ အထာထင်မိပါသည်။ ပထာအိမ်ရှေ့ခန်းထဲက စားပွဲပေါ်ကဝိုင်နဲ့ စားစရာအချို့ကို လေသာပြင်သို့ရွေ့လိုက်သည်။ ဒီညကတိုက်ဆိုင်စွာ လသာပြီးကျယ်လေးတွေက ဖွေးလို့နေသည်။ ဒီလိုသာယာတဲ့ညလေးမှာ ဖန်နဲ့သူရဲ့ လေးနှစ်ပြည့်anniလေးဟာ အသက်ဝင်မှု့မရှိ။ ဒီနေ့မှ ပတ်ဝန်းကျင်ကပို၍တိတ်ဆိတ်နေသယောင်။ အထာစိတ်မရှည်နိုင်စွာနဲ့ အခန်းဝကိုတစ်ချက်လှမ်းကြည့်မိသည်။ အခုချိန်အထိ ဖန့်အရိပ်အယောင်ကိုမမြင်ရသေးတာကြောင့် ပိုပြီးစိတ်တိုမိတာအမှန်ပင်။ အထာစိတ်ပေါက်ပေါက်နဲ့ ဝိုင်ပုလင်းကိုဖွင့်ကာ တစ်ခွက်ပြီးတစ်ခွက်မော့သောက်ပစ်သည်။ အထာဒီလိုနေ့မျိုးလေးကို ရိုမန့်ဆန်စွာဖြတ်သန်းရမယ်လို့ ထင်ခဲ့မိသည်။ ထိုစိတ်ကူးဟာ လေဟာနယ်သက်သက်သာဖြစ်နေ၏။

ဒေါသနဲ့အတူဝမ်းနည်းစိတ်တို့က ကြီးစိုးလာတာကြောင့် မျက်ဝန်းကြည်တောက်တောက်လေးတွေက ဝေ့ဝါးလာသည်။ ဝိုင်ကိုတစ်ခွက်ပြီးတစ်ခွက် ငဲ့သောက်နေတဲ့ အထာ့လက်တို့က ဝိုင်ခွက်ကိုင်တာတောင် အနည်းငယ်တုန်ရီလာသည်။ မျက်ရည်ကြည်တွေက မျက်လုံးအိမ်ထဲတွပြည့်လျှံလို့နေသည်။ အထာမျက်လုံးတို့ကို မမှိတ်ရဲသေးပါ။ သူမှိတ်လိုက်တာနဲ့ လောကကြီးနဲ့အဆက်သွယ်ပြတ်သွားနိုင်သည်။

ဖန်တီးတစ်ယောက် ကွန်ပြူတာနဲ့အလုပ်ရှုပ်ကာ ပို့လာသောmailများကိုဖတ်ရင်း အလုပ်ထဲတွင်စိတ်ရောက်သွားတာကြောင့် အချိန်တွေကုန်မှန်းမသိအောင်ကုန်သွား၏။
ဖုန်းကနာရီကိုကြည့်လိုက်တော့ ည၉နာရီပင်ထိုးလို့နေပြီ။ အခုသူတာဝန်ယူထားတဲ့ ရုံးခွဲတွင် ငွေစာရင်းကွာတာရယ်၊ အချို့သောကုန်ပစ္စည်းစာရင်းတွေက ပျောက်လို့နေတာကို မေမေကရိပ်မိသွားကာ သူ့ကိုညနေကဖုန်းဆက်ပြောလာသည်။ မေမေ၏လူယုံ အခုရုံးခွဲမှာ သူပြီးရင်ဒုတိယအာဏာအရှိဆုံးသူဟာ မာမီရဲ့လူယုံတော်ကိုနန္ဒပင်။ ကိုနန္ဒသည်မာမီကိုအကြောင်းကြားကာ စာရင်းများကိုစစ်ဆေးတော့သည်။ စာရင်းတွေဘယ်လိုကြောင့်ကွာရသလဲဆိုတာကို ဖန်တီးသိချင်တာကြောင့် ကိုနန္ဒကိုမေးကြည့်တော့ သူလဲသတိမထားမိပုံပါ။ သောစ်မတ်။ ထိုသူတစ်ယောက်သာကျန်တော့သည်။

Abstarct Of Love (Z&U)Where stories live. Discover now