Ep.11(U)

4.3K 193 4
                                    

ဥာဏ်နတစ်ယောက် ဆေးလက်ဆွဲအိတ်ကို ကိုင်ကာ တိုက်ကြီးထဲသို့ဝင်လာခဲ့သည်။ သူဒီတိုက်ကြီးကို ရောက်ဖူးတာ ဒါပထမှဦးဆုံးအကြိမ်မဟုတ်။ သူဒီတိုက်ကြီးကို ဒါနဲ့နဲ့ဆို ၃ကြိမ်မြှောက်ပင်။ ဒီတိုက်ကြီးထဲကို ဥာဏ်နဖေဖေနဲ့ လိုက်လာရင်းက ရောက်ဖူးချင်းဖြစ်သည်။

" ဟော မောင်ဥာဏ်နရောက်လာတာလား။"

ဒေါ်မြတ်နိုးတစ်ယောက် သားထာလေးအတွက် ခနောဆန်ပြုတ်လေးကို ငါးများများထည့်ကာ ချိုချိုစိမ့်စိမ့်ကလေးပြုတ်ထားတဲ့ ပန်းကန်ကိုယူကာ dining roomထဲကနေ ထွက်လာတာမို့ ဥာဏ်နကိုတွေ့၍ပြောလိုက်ခြင်းဖြစ်သည်။

" ဟုတ်တယ်အန်တီ။ ဒါနဲ့ဘယ်သူနေမကောင်းဖြစ်လို့လဲဟင်။"

ဥာဏ်နအတူ ဒေါ်မြတ်နိုးပါ အိမ်အပေါ်ထပ်သို့တက်တဲ့ လှေကားကို အတူတူတက်ရင်း မေးလိုက်သည်။

" ဘာ်သူကမလဲကွယ်။ သားထာလေးလေ။ သားညီက ခုရက်ပိုင်းအစားသိပ်မစားတော့ ဖျားတာနဲ့တူပါတယ်။ ညဖက်တွေမှာလဲ အိပ်ပျော်ပုံမရဘူး။ အခုလဲခေါင်းကိုက်နေလို့ကွယ်။ ဒါ့ကြောင့်သားဖေဖေကို ဖုန်းဆက်ပြီးခေါ်လိုက်တာ။"

" ဖေဖေက ဆေးရုံမှာအရေးပေါ် ခွဲစိတ်ခန်းဝင်ရမှာမို့ ကျွန်တော်ကိုလွတ်လိုက်တာပါ။"

"အေးကွယ် ဆရာဝန်တွေကလဲ အချိန်မရွေးလူ့အသက်ကို ကယ်နေရတာဆိုတော့ လိုအပ်တဲ့အချိန်တိုင်းအသင့်ရှိနေရတာမလား။"

ဦးမင်းဥာဏ်သည် ဆေးရုံကြီးတွင် အားအကိုးရဆုံး ဆရာဝန်တစ်ဦးဖြစ်သည်။ ဦးမင်းဥာဏ်၏သား မောင်ဥာဏ်နကလဲ သူ့၏အဖေရဲ့ခြေရာကို နင်းကာဆရာဝန်အဖြစ် ဖခင်ရှိရာ ဆေးရုံကြီးမှာပင် အလုပ်လုပ်လို့နေသည်။ ဆေးခန်းကတော့ တာမွေဖက်မှ ညနေပိုင်းထိုင်တက်သည်။

အသက်အရွယ်အားဖြင့် အသက်၂၅နှစ်စွန်းစွန်းသာရှိသေးတဲ့ ဥာဏ်နဟာ ဆရာဝန်ကောင်းတစ်ဦးအဖြစ် ဆေးရုံကြီးမှာ နာမည်ကြီးလှသည်။ ရုပ်ကလေးချောသလို လူနာတွေအပေါ် နူးညံ့ညင်သာစွာ ဆက်ဆံတက်တဲ့ သူတစ်ဦးပင်။ ဆေးရုံကြီးတွင် ဆရာဝန်မလေးများ နပ်စမလေးများ၏ ပါးစပ်ဖျားတွင် အလွန်ရေပန်းစားသူတစ်ဦးလဲဖြစ်သည်။

Abstarct Of Love (Z&U)Hikayelerin yaşadığı yer. Şimdi keşfedin